DB-46

21.7K 1.9K 97
                                    

ပြည်တော်ပြန် မင်းသားအတွက် နန်းတော်ကြီးသည် တစ်မျိုး စည်ကား လှုပ်ရှားနေပေသည်။ နောက်သုံးရက် အကြာတွင် ကျင်းပမည့် အမွှာမင်းသားတို့၏ မွေးနေ့ပွဲအတွက် ပြင်ဆင်မူများ ကြောင့်လည်း ပါဝင်သည်။

ဝမ်ဂျွန်၏ ဖိတ်ကြားချက်အရ ရောက်လာသည့် မင်းသား ၊ မင်းသမီးများစွာလည်း ပါဝင်သေးသည်။ ဥာဏ်များပြီး ဖော်ရွေသည့် မင်းသားတစ်ပါး အနေနှင့် အပေါင်းအသင်း အချို့ ရှိသည်။ ပေါင်းသင့်လို့ ပေါင်းသင်းရသည့် သူက အများအပြား။ ဝမ်ဂျွန် စိတ်နှစ်၍ ပေါင်းသည့် သူမှာ ဆယ်ယောက်တောင် မရှိ။

ကြီးမားလှသော နန်းတော်၊ နန်းဆောင်များ၏ ရှေ့တွင် ငယ်ရွယ်သော မင်းသားငယ်၊ မင်းသမီးငယ်တို့သည် အံသြ တက်ကြွစွာ ရှိနေကြသည်။ ထိုက်ချီအိမ်ရှေ့စံ တစ်ယောက်သာ မပြောင်းလဲသော မျက်နှာထားနှင့် မှုန်ကုပ်နေပေ၏။ ချောမောတင့်တယ်သော မျက်နှာထား ရှိနေလို့သာ ကြည့်ကောင်းသည် ပြောရမည်။

မင်းသမီးများ၏ အနားယူ အိပ်ဆောင်ကို နန်းတွင်းရှိ ရှန့်ကုန်းမယ်မယ်ကြီးများက ခေါ်ယူပြသပေးကာ ပြင်ဆင်ပေးကြသည်။ မင်းသားများ၏ အိပ်ဆောင်ကိုတော့ ဝမ်ဂျွန်၏ ယခင်ကုန်းကုန်းများက ပြင်ဆင် ပေးကြသည်။

ဝမ်ဂျွန်ကတော့ အဆောင်တော်၌ ရေမိုးချိုးပြီးသည်နှင့် ခမည်းတော် ဝမ်အွန်းရှိရာသို့ အပြေးသွားတွေ့ တော့သည်။ ပါလာသည့် ဧည့်သည့်များကို အဆင်ပြေမပြေ၊ သူမကြည့်အား။ လက်ဆောင်ပုံး မ လျက် ကြင်ယာတော် အဆောင်သို့ အပြေးကလေး သွားတော့သည်။

ကြင်ယာတော်၏ နန်းဆောင်ဘက် ဥယျာဉ် အတွင်း၌ ဘတ်ဟျွန်း စောင့်နေသည်။ တောက်တဲ့ တောက်တဲ့ လျောက်သွားနေတဲ့ ကလေးနှစ်ယောက်ကို သူ ကြည့်ရုံသာ ကြည့်နေပြီး သူ့သားကြီးအလာကို စောင့်ဆိုင်း နေသည်။ 

ကလေးနှစ်ယောက်ဟာ သူ့တို့ကို လိုက်ထိန်းနေတဲ့ အထိန်းတော်တွေ လက်ကနေ ပြေးထွက်ပြီး ပန်းပင်တွေကြား ပတ်ပြေးနေသည်။ အမွှမင်းသားတွေ အတွက် လမ်းလျောက်မြန်ခြင်း ကလည်း မျက်စိ တစ်မှိတ်အတွင်းမှာပဲ တိုးတက်လာသည် ပြောရမည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now