DB-69

13.4K 2.2K 314
                                    

အပြီးသတ် ဆေးအဝါရောင်လေး ခြယ်ပြီးသွားတဲ့အခါ ပုံကြမ်းလေးက အနည်းငယ်တော့ ပြီးသွားလေသည်။

ဘတ်ဟျွန်းက ပုံကို ကြည့်ပြီး အနည်းငယ် ကျေနပ်သွားသည်။ အနက်ရောင်နဲ့ ရွှေရောင်စပ်ထားတဲ့ မင်းကြီး ဝမ်ယောလ်ရဲ့ ပုံရိပ်မှာ ပုံထဲတွင်တောင် ကြည့်ကောင်းနေ မှန်း သိသာလှသည်။

ဘတ်ဟျွန်းက ပုံကို ယူလိုက်ပြီး သူ့ရှေ့တည့်တည့်မှာ ထိုင်ဆော့နေတဲ့ ဗြောလေးကို ကြည့်လိုက်သည်။

" ဖေ့သဲလေး... ဒီကို ကြည့်ပါဦး"

ဗြောလေး၏ မျက်လုံး ကြည်ကြည်များသည် ဘတ်ဟျွန်းထံသို့ ရောက်လာသည်။

" ဒီပုံကိုကြည့်... မခန့်ညားဘူးလား"

ဘတ်ဟျွန်းက ပြောပြီးမှ သူ့ကိုယ်သူ ရယ်ချင်သွားသည်။ သူအခု ဘာမှနားမလည်သေးတဲ့ ကလေးရှေ့မှာ ချစ်ခင်ပွန်းကြီးကို အမွှန်းတင်လိုက်တာပဲ ဖြစ်သည်။

ဗြောလေးမှာ သူ့အဖေပြသည့် ပုံကိုပဲ ကြည့်နေပြီး ဘာမှနားမလည်သေး။

" ဗြောလေး ဒါက ဗြောလေးရဲ့ ခမည်းတော်.. သိလား ဗြောလေးက အာပါးလို့ ခေါ်လို့ရတယ်"

" အဲ.. "

" ခေါ်ကြည့်ပါဦး. သဲလေး.. အာ.. ပါး "

" ပါး... "

ဗြောလေးက ဘတ်ဟျွန်းကို ကြည့်လာပြီး ပါး လို့ ခေါ်ခြင်းဖြစ်သည်။

ဘတ်ဟျွန်းက ထပ်သင်ပေးဖို့ စိတ်အားထက်သန်စွာနဲ့ပဲ ထပ်ပြောသည်။ သူ့ကိုယ်သူ လက်ညိုးထိုးပြလျက်

" ပါပါးက ပါးပါး.. ဒီပုံက အာပါး.. ခေါ်ကြည့်ပါဦး အာပါးလို့ "

" ပါး "

ကလေးငယ်မှာ ပါးဟူ၍သာ ထွက်နိုင်သေးသည်။ ဘတ်ဟျွန်း ထပ်သင်ပေးနေပေမဲ့ ပါး ကလွဲပြီး တက်မလာသေး။ ကလေးက မြင်နေကျ မဟုတ်သော လူတွေကို မှတ်မိဖို့ ခဲယဉ်းနေသေးသည်။

ဗြောလေးမှာ သူ့ကိုယ်ပေါ်မှာ လဲလျောင်းလာသည်မို့ ဘတ်ဟျွန်းက ခန္ဓာကိုယ်ကို ခပ်လျော့လျော့ လဲလျောင်းလိုက်ရင်း ပြတင်းပေါက်က ပင်လယ်ပြင်ကိုပဲ ငေးကြည့်နေသည်။

Dragon's Blade   [ Season-2 ] Wo Geschichten leben. Entdecke jetzt