DB-15

32.4K 2.3K 70
                                    


လပြည့်နေ့မနက်ခင်း၏ အာရုဏ်ဦးသည် နန်းမဟာအတွင်းမှာဖြင့် လှုပ်ရှားဆူညံမှုများနှင့် တန်ဆာဆင်ကြသည် ပြောရမည်၊၊

ယခုမင်းကြီး၏ ပထမသားတော်ကြီး မွေးနေ့အချိန်အခါ ဖြစ်တာကြောင့် ယခင်ကပွဲတော်များလို မနက်ပိုင်း နေမင်း၊လမင်း ကန်တော့ပွဲများနှင့် မရတော့၊၊ မွေးနေ့အချိန်အခါအတွက် ပွဲတော်ကြီးများ၊ ကပွဲများနှင့် နဂါးမယ်တော်ကြီးအား ကန်တော့ပွဲများ အစုံအလင် ထည့်ပေးရတော့သည်၊၊

ဧကရာဇ်၏ သားတော်ဖြစ်သည်ကြောင့် လက်အောက်ခံ နယ်ပယ်တွေမှာ မဖြစ်မနေ တက်ရောက် ဂုဏ်ပြုဖို့ မြို့တော်ကို လက်ဆောင်တော်နှင့်တစ်ကွ အချိန်မီ ရောက်ရှိထားနှင့် ကြနေပြီဖြစ်သည်၊၊ မူလက စည်ကားနေသော နန်းမဟာကြီးသည် ဧည့်သည်တို့နှင့် ပို၍ စည်ကားသိုက်မြိုက်နေသည်၊၊

ဝမ်ဂျွန်မင်းသား နန်းတက်ဘွဲ့ရစဉ်အခါတည်းက လာရောက်ကြည့်ရှု့ချင်ကြသော နယ်ခံဘုရင်တို့မှာ ယခုအခါမှ မြင်ရကိန်းရှိကြောင်း တီးတိုးပြောနေကြသည်၊၊ မြင်ရလိုခြင်း၏ နောက်မှာ ဝမ်ဂျွန်မင်းသားသည် အမှန်အကန်ပင် ဧကရာဇ်၏သားတော် ဖြစ်ပါရဲ့လား ဟူသော..၊၊ ဧကရာဇ်သည် အမျိုးသားတစ်ယောက်ကို စုံမက်မိ၍ တွေ့ရာကလေး ကောက်ခေါ်မိသည်လား..ဟူသော၊ မည်သည့် လျို့ဝှက်နည်းများဖြင့် သားတစ်ယောက်၊ ကြင်ယာတော်တစ်ယောက် ရုတ်ချည်းထွက်လာ ရသနည်းဟူသော မေးခွန်းပေါင်းများစွာ ရှိနေသည်၊၊ ယခင်ကဆိုလျင် ထိုမွေးနေ့ပွဲများအတွက် နယ်ခံဘုရင်တို့ ကိုယ်တိုင် တက်ရောက်သည်က နည်းသည်၊၊ ကိုယ်စားလှယ်နှင့် သံတမန်အဖွဲ့တို့ကသာ လာရောက်ကြသည်၊၊ ယနေ့မှာတော့ စူးစမ်းလိုစိတ် ပြည့်ဝနေသော ရပ်ဝေးမှ လူအများအပြားနှင့် ပွဲတော်သည် ထင်ထားသည်ထက် စည်ကား ပြည့်ကြပ်နေသည်၊၊

ထိပ်ဆုံးပုလ္လင်ထက်မှ စံမြန်းတော်မူသော တောင်ပိုင်းဧကရာဇ်သည် ရာဇမာန်ပြင်းသော အကြည့်၊ တည်တံ့သော အမူအရာတို့နှင့် ယိမ်းမယ်များ၏ အကအလှကို ရူတည်တည်နှင့် ကြည့်နေသည်၊၊ သ်ို့သော်ငြား တစ်ဆစ်ဆစ်ကိုက်ခဲနေသေည့် လက်မောင်းဒဏ်ကြောင့် အကအလှတို့ကို သိပ်အာရုံမရှိပေ၊၊ သားတော်၏ ပွဲကို ဖျက်လိုဖျက်ဆီး လုပ်မည့်သူ မရှိတာက အနည်းငယ် စိတ်သက်သာရာရစေသည်မို့ ပူပန်မှုတော့ မရှိပြီ၊၊

Dragon's Blade   [ Season-2 ] Où les histoires vivent. Découvrez maintenant