DB-96(အိမ်ရှေ့စံမိဖုရားလောင်း-၇)

3.2K 607 21
                                    

အိမ်ရှေ့စံမိဖုရားလောင်း-၇

နဂါးမယ်တော်ကြီး၏ နတ်နန်းဆောင်တွင် အိမ်ရှေ့စံမိဖုရားလောင်းအတွက် ကိုယ်စားပြုပန်းကလေး ပေါ်လာချေပြီ။

ရှင်နော်များနဲ့အတူ တော်ဝင်ကြင်ယာတော် ဝမ်အွန်း၊ မယ်တော်ကြီးတို့နဲ မိဖုရားတို့က အသီးသီးဝတ်ပြုဆုတောင်းရတဲ့ ပွဲဖြစ်သည်။ ပန်းများစွာ ဆပ်ကပ်ထားသည့်ထဲမှ အဖြူရောင်ချယ်ရီပန်းခက်လေးသည် လန်းဆန်းစွာ ပွင့်အာနေဆဲဖြစ်သည်။

နေမထိ၊ လေမထိ၊ ရေမထိပဲ ဝတ်ပြုကျောင်းအတွင်း အလုံပိတ်ထားသည့် ကိုယ်စားပြု ပန်းခက်ပေါင်းများစွာ ရှိသည်။ ထိုထဲမှ လှပကာ ကျော့ရှင်းသော အဖြူရောင် ချယ်ရီပွင့်များဝေဆာနေသည့် ချယ်ရီခက်သည် ကိုယ်စားပြုပန်းအဖြစ် ရွေးချယ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

ပန်းခက်၏ ပိုင်ရှင်က မည်သူဖြစ်ရမည် ဆိုသည်ကတော့ အလိုလိုက်လွန်းသော ဧကရာဇ်ကြီးက အိမ်ရှေ့စံကို စိတ်ကြိုက် ရွေးချယ်စေခဲ့တာပဲ ဖြစ်သည်။ ထုံးတမ်း ဓလေ့များ၊ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေသတွေကို မလွဲမသွေ လိုက်နာခဲ့ပေမဲ့လည်း ဧကရာဇ်ကြီးဟာ အိမ်ရှေ့စံကို မျက်နှာသာပေးထားဆဲ ဖြစ်သည်။

သက်တော်ကြီးလှပြီ ဖြစ်သော်လည်း ယခုထိတိုင် သွက်လက်ဆဲ ဖြစ်သော မယ်တော်ကြီးမှာ အိမ်ရှေ့စံလက်ကို ဆွဲလျက် အာပေါင်အာရင်းသန်စွာဖြင့် ရှင်းပြနေ၏။

" ပွင့်ခက်ကလေးတွေကတော့ အများကြီးပဲ၊ မြေးတော်ကြီးရေ ... ။ တစ်ခိုင်လုံးကို တစ်ဦးတည်းကိုပဲ ရည်ရွယ်ပြီး ပေးလို့လည်း ရသလို ပွင့်ခက်ကလေးတွေကို တစ်ခြားသူတွေဆီ ခြွေပြီးထည့်လို့လည်း ရတယ်။ ပန်းပွင့်အများဆုံးလူကတော့ ဦးစားပေးမိဖုရားလောင်း ဖြစ်ရတာပေါ့!"

ဝမ်ဂျွန်က မယ်တော်ကြီးကို ပြန်မေးသည်။

" အဘွားတော် စိတ်ထဲ သဘောကျတဲ့ သူများ ရှိသလား "

မယ်တော်ကြီးမှာ အသာအယာ မျက်စောင်းထိုးရင်း ဆိုတော့သည်။
" ဟမ့် ! ဝမ်မျိုးနွယ်တွေ ဒီအဖွားကြီးကို အမြဲတမ်း သဘောကျတဲ့သူ ရွေးခိုင်ကြတယ်! ရွေးပြီးတော့ရော သူတို့ ကြိုက်တာကျလို့!!! ပြီးရင် သူတို့ ကြိုက်တဲ့သူကိုပဲ ဆွဲခေါ်လာကြပြီးတော့ .... ဒီအဖွားကြီးက ရွေးချယ်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ထားတယ်"

Dragon's Blade   [ Season-2 ] Where stories live. Discover now