" ဝမ်အွန်း ... ဒီဘက်လာစိမ်နေလဲ
ငါကိုယ်တော် မကိုက်စားတက်ပါဘူးနော်"" ...."
ကြင်ယာတော်သည် မသိမသာ လှည့်စောင်းကြည့်၏၊၊ မင်းကြီးစကားကို မကြားသည့်နှယ် ပုခုံးပေါ်ရုံရေစိမ် နေရာက လည်ပင်းအထိ ရေစိမ်ပစ်ပြီး ခေါင်းလေးသာ ဖော်ထားတော့သည်၊၊
မင်းကြီးထံမှ နှာမှုတ်သံတစ်ခု ကြားလိုက်ရသည်၊၊ မိမိ၏ တရားဝင် ကြင်ယာတော်ထံမှ လက်လက်ဆက်ဆက် စိမ်းကားမူကြီး ခံလိုက်ရသည်ကြောင့် မပြောပတက်အောင် မာန ထိခိုက်လွန်းသည့် ကိစ္စဖြစ်သည်၊၊
အလိုလိုက်လွန်း၍ ရောင့်တက်နေခြင်းကို သိသော်လည်း အပြစ်မတင်ရက်တာမို့ ငေးကြည့်ရုံသာ တင်းတိမ် လိုက်သည်၊၊ ဤတွင် စကားအရသာ တင်းတိမ်သည်ဟု ဆိုသော်ငြား မင်းကြီး၌ ခြေလှမ်းသစ်များ များစွာ ရှိလေ သောကြောင့် ယခုတွင် အလျင်တလို မလှုပ်ရှားတာလဲ ဖြစ်သည်၊၊
မင်းကြီးသည် သူ၏ရေစိမ်ကန်ကို အကျယ်ချဲ့ခဲ့မိသောကြောင့် နောင်တတွေ တန်းစီနေပြီ၊၊
မင်းကြီးနှင့် ခြေလှမ်းဆယ်လှမ်း အကာအဝေးတွင် ရေစိမ်နေသော ကြင်ယာတော်လေးသည် မင်းကြီးဘက် လှည့်၍ပင် အဖက်မလုပ်၊၊ အငွေ့ပူပူတို့ကြား အညောင်းညာပြေ ရေစိမ်ခြင်းက ဇိမ်ခံခြင်းတစ်မျိုးပေမို့ စိတ်အေး လက်အေး ဇိမ်ခံနေလိုက်သည်၊၊ ပန်းနံ့သင်း၍ စိတ်လည်း ကြည်လင်လန်းဆန်း နေသေးသည်၊၊
ပုံမှန် ရေချိုးနေကြအတိုင်း မိမိလက်မောင်း၊ လက်ဖျံတို့ကို ပွတ်တိုက်နေကာ အနောက်နားမှ တိတ်ဆိတ်မူကို ခံစားမိလာသည်၊၊ အစောပိုင်းက မင်းကြီးရှိနေခြင်း ကြောင့် ရေသံတို့ ကြားနေရသးသည်၊၊ ယခုအခါ မည်သူမျှ မရှိတော့သလို တိတ်ဆိတ်သွားသည်၊၊
ဘတ်ဟျွန်း အနောက်ကို လှည့်ကြည့်တော့ မင်းကြီးသည် မရှိတော့၊၊ တိတ်ဆိတ်သော အခန်းကြီးသည် ရေငွေ့များနှင့် ပန်းနံ့များက လှိုင်ထနေ၏၊၊ အသံဆိုရာတွင်လည်း ဘတ်ဟျွန်း၏ စိတ်လှုပ်ရှားလာသော အသက်ရှုသံတို့သာ ဖြစ်မည်၊၊
ထိုအခိုက် ရေအောက်ထဲမှ ဘတ်ဟျွန်း၏ ဘောင်းဘီ ခါးစည်းကြိုးသည် ပြေကျသွားလေသည်၊၊
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop