ထိုက်ခွန်းက တမင် ခြေလှမ်းတွေ ခပ်နှေးနှေးနဲ့ လျှောက်နေသည်။ ခန်းမမှာ စောင့်နေမည့် ထိုက်ချီပြည့်ရှင်နဲ့ မတွေ့ချင်၍ တမင်ကို ပန်းခြံကြီးကို တစ်ကွေ့တစ်ပတ်နဲ့ လျှောက်လိုက်သေးသည်။ အရေးမပါတာတွေရော ပါတာတွေရော ပြန်ငြင်းခုံရမည်ကို စိတ်မပါသေး။အဆုံးမှာတော့ မြန်မြန်ပြီး မြန်မြန်ပြတ် နည်းလမ်းကိုသာ ရွေးချယ်လိုက်ပါသည်။ နောက်တစ်ပတ်အတွင်း ဧကရာဇ်တို့က ပြန်လာတော့မည်ဖြစ်၍ သူ့တိုနှစ်ဦး၏ အခြေတင်ကိစ္စများထဲ ခေါင်းမရှုပ်စေချင်။
ထိုက်ခွန်း ခန်းမထဲကို ဝင်လိုက်တာနဲ့ ခရီးပန်းနေပုံရသော သက်လတ်ပိုင်း လူကြီးတစ်ဦးကို တွေ့ရသည်။ ဘာအဆောင်အယောင်မှ ဆင်မြန်းထားခြင်း မရှိပဲ မှုန်မှိုင်းနေသော အမူအရာနဲ့ ဖြစ်သည်။
ထိုက်ခွန်း အရိုသေပြုပြီး ထိုင်ခုံမှာ နေရာယူဖို့ ထိုက်ချီပြည့်ရှင်က အမူအရာပြသည်။ ထိုက်ခွန်းသည် ကျေးဇူးတင်ပါကြောင်းကို ဝတ်ကျေတမ်းကျေ ပြောပြီး ဝင်ထိုင်သည်။
" အနားမယူပဲ ကျွန်တော့်ကို ဘာလို့ အရေးတစ်ကြီးတွေ့ချင်ရတာပါလဲ "
ထိုက်ချီပြည့်ရှင်က စာရွက်အပိုင်းအစလေးတစ်ခုကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ထိုက်ခွန်းက ထိုအရာကို တွေ့သော် အတန်သင် အံသြသွားပေမဲ့ အမူအရာက မပြောင်းလဲသွားပေ။
" ဘာဖြစ်လို့ပါလဲ"
" ဒီလက်ရေးကို မြင်ရဲ့သားနဲ့ မေးနေတာလား ထိုက်ခွန်း "
ထိုက်ခွန်း အမူအရာက မပြောင်းလဲပဲ ရှိနေသေးသည်။ သိလိုစိတ်တွေ များပြားနေသော ထိုက်ချီပြည့်ရှင်ကို ကြည့်ပြီး ထိုက်ခွန်းရင်ထဲမှာ လှောင်ပြောင်လိုစိတ်သာ ရှိနေသည်။
" ထိုက်ခွန်း... ဟာဇဲ့မှာ ဘယ်သူနေသွားခဲ့တာလဲ "
ထိုက်ခွန်းကလေသံအေးအေးနဲ့ ပြန်ဖြေသည်။
" ကြည့်ရတာ ဟာဇဲ့ကိုမြေလှန်ရှာပြီးပုံပဲ! "
ထိုက်ချီပြည့်ရှင်က ငြိမ်နေပါ၏။
" အရှင်မင်းကြီး ရှာဖွေခဲ့ပြီးပြီပဲ မဟုတ်လား.. ဒီစာရွက်အပိုင်းလေးနဲ့ ဒီထိရောက်အောင် လာခဲ့တယ်ပေါ့ ။ မကြာခင် ကျွန်တော်မျိုး ပြန်လာရတော့မှာပဲကို အဲ့ဒီ့အချိန်ထိ မစောင့်နိုင်ခဲ့တာလား.. "
ESTÁS LEYENDO
Dragon's Blade [ Season-2 ]
Ficción históricaWarning .. Mperg Covered by @LenCo graphic Shop