၅ သိန်းသော စစ်သည်အင်အားသည် ဧကရာဇ်မင်း၏ စစ်ရထားကြီးကို အလယ်ထား၍ ချီတက်ရန် အသင့် ဖြစ်နေကြသည်။ ဘတ်ဟျွန်းမှာ အတန်သင့် အံ့အားသင့် သွားကာ ဝမ်ယောလ်ကို ရှာဖွေတော့သည်။
ဝမ်ယောလ်ကို ရှာမတွေ့ခင် စစ်တိုက်ထွက်တော့မည့် အတိုင်း သံချပ်ကာတွေ ဝတ်ဆင်လာသည့် ရှင်း နဲ့ ယင်းကို တွေ့လိုက်ရပါ၏။ ခက်ထန်သော အမူအရာတို့နှင့် မဲမဲမြင်ရာ အကုန် ရှင်းပစ်တော့မည့် အတိုင်း ။
ဘတ်ဟျွန်းမှာ မေးခွန်းထုတ်ရတော့သည်။
" မင်းတို့က ဘယ်ကိုစစ်တိုက်ထွက် မလို့လဲ!"
" ဟာ ...ခမည်းတော်ကလဲ ကျွန်တော်တို့ ညီမလေးဆီ ကိုပေါ့ !"
နှစ်ဦးသား၏ အဖြေက တစ်မျိုးတည်း။
ဘတ်ဟျွန်း၏ ခေါင်းမှာ ပို၍ ထိုးကိုက်လာတော့သည်။ စိတ်ပူသည်က တစ်မျိုး၊ စိတ်မောရသည်က တစ်ဖုံနှင့်။
မကြာလိုက်ပါ ။ ဖခမည်းတော်ကြီး ဝမ်ယောလ်ကလည်း ရောက်လာပါ၏။ နဂါးရိုးဖြူ ကြာပွတ်ကြီး ခါးမှာချိတ်လျက်၊ လက်ဆွဲတော်ဓားကြီး ကိုလည်း ကိုင်လာ၏။ 'ငါ့သမီးကိုယူတဲ့အကောင်ကို အရှင်မထားဘူး” ဟူသော စာတမ်းက သူ့နဖူးမှာ ရေးထားသည့်အတိုင်း ။
" အွန်းလေး ... အသင့်ဖြစ်ရင် သွားကြတာပေါ့"
" ခဏနေပါဦး ... အခုက စစ်တိုက်သွားမှာလဲ မဟုတ်သလို နယ်မြေသိမ်းဖို့လည်း မဟုတ်ဘူးလေ ၊ ဒီလောက်ထိ စစ်သည်အင်အား ခေါ်ဖို့ လိုလို့လား "
ဝမ်ယောလ်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကာ လက်သီးပါ ဆုပ်ပြလိုက်သည်။
" လိုတာပေါ့ ။ အမှုန့်ကြိတ်ခဲ့သင့် ကြိတ်ရအောင် !"
" ဒီလောက် တစ်အုပ်တစ်မကြီးနဲ့ သွားဖို့ဆို တစ်ပတ်အတွင်းတောင် ထိုက်ချီပြည်ကို ရောက်ဖို့ မလွယ်ဘူး။ ကြယ်တာရာ ကာလက နှစ်ပတ်အတွင်းမှာ၊ အခုတင်ပဲ တစ်ပတ်က ကုန်တော့မယ်။ အဲ့ဒီကာလအတွင်း ဆုံးဖြတ်ချက် တစ်ခုခု မမှန်တာနဲ့ ခံစားရမှာက ကျွန်တော်တို့ သမီးလေးနော် ။ "
" ...."
" တပ်သားအင်အား သိန်းမကျော်စေနဲ့ ! ဘယ်လောက်ပဲ နိမိတ်မကောင်းတာ ဖြစ်နေပစေ ၊ သူတို့ဘက်က မင်္ဂလာကိစ္စနဲ့ တားထားတာကို ကျွန်တော်တို့က အမင်္ဂလာ လုပ်လို့ မရဘူး။ အတက်နိုင်ဆုံး သေချာ ဆွေးနွေးရမယ် ...ဟုတ်ပြိလား "
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop