သမားတော်ဂင်သည် ကန်စွန်းဥလေးတွေကို သေချာ အခွံခွာပေးရင်း ပန်းကန်ပေါ် တင်ပေးထားသည်၊၊ သူ့ရှေ့က တူတော်မောင်၏ အားပါးတရ စားသောက်နေမူကို ကြည့်ရင်း သူက အလိုလို ဗိုက်ပြည့်နေချင်သည်၊၊
" ဦးရီးတော်လည်း စားဦးလေ ..."
" မင်းသားလေးပဲ စားပါ၊၊ ဦးရီးတော်က ပွဲတော်က စားပွဲနဲ့တင် ဗိုက်တင်းနေလို့ "
" ဟွန့် ! ဦးရီးတော့်လည်း ကျွန်တော်က အတူတူ စားနိုင်အောင်လို့ အချိုပွဲတောင် လျော့စားခဲ့တာကို"
နှုတ်ခမ်းထော်ကာ စိတ်ကောက်သည့် အမူအရာ ပြချင်နေသည့် တူတော်သည် မျက်စိရှေ့တွင်ပဲ တစ်ဖြည်းဖြည်း အရွယ်ရောက်လို့ လာနေပြီ ၊၊
" ဒီမွေးနေ့ကို ပျော်ရဲ့လား ... ဂျွန်လေး"
ကန်စွန်းဥ စားနေရင်း ခေါင်းတစ်ဆက်ဆက် ငြိမ့်ပြလာသည့် ဂျွန်လေးသည် မည်မျှပျော်ရွှင်နေမှန်း အပြုံးမျက်ဝန်းတွေက သက်သေပင် ဖြစ်သည်၊၊
" အပျော်ဆုံးနေ့လို့ ပြောလို့ရတယ် ..
ကျွန်တော်ရဲ့ မိသားစုတွေ အကုန်
ကျွန်တော့်ကို မွေးနေ့ဆုတောင်းပေးကြတာ၊၊
လက်ဆောင်တွေ ပေးကြတာက
ထင်ထားတာထက် အရမ်းပျော်ဖို့ကောင်းတာပဲ"ဂင်မင်ဆော့ ခေါင်းငြိမ့်ရင်း ဆက်နားထောင်မိသည်၊၊
" ပြီးတော့လေ .. ကျွန်တော် ခမည်းတော် ဝမ်အွန်းနဲ့ အိပ်ချင်တယ်လို့ ပြောတော့ မင်းကြီးက အတူအိပ်နိုင်အောင် စီမံပေးတယ်သိလား.. "
" ဟင် .. ဘယ်လို စီမံပေးတာလဲ?
မင်းသားလေးက အသက်၇ နှစ်တောင်ရှိပြီကို
ကြင်ယာတော်အဆောင်ထဲ ညအိပ်လို့မရတော့ဘူး မလား!"" ဟုတ်တယ်လေ၊၊ မရတော့ဘူး၊၊
အဲ့တာကြောင့် မင်းကြီးက ကျွန်တော်တို့ သုံးယောက် အတူအိပ်ရင် ရတယ်ဆိုပြီး ပြောလာတာ..."" အဲ့ဒီ့တော့ မင်းသားတို့ သုံးယောက်က မင်းကြီးအိပ်ဆောင်မှာ အတူ အိပ်ကြမယ်ပေါ့ !"
" ဟုတ်ပါတယ်ဆို ၊၊ ဝါးး အရမ်းပျော်ဖို့ကောင်းမှာပဲ၊၊ ကျွန်တော့် မိဘနှစ်ပါးလုံးနဲ့ အတူအိပ်ရတော့မှာ"
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop