တစ်နေ့သော နံနက်ခင်းတွင် အိမ်ရှေ့စံ မင်းသားသည် သူ၏ မိဖုရားလောင်းများကို စိတ်မဝင်စားပဲ သူ၏ ညီမတော်ဖြစ်သည့် ဗြောလေးနောက်သို့သာ တစ်ကောက်ကောက် လိုက်နေခဲ့သည်။
ထိုအချိန်တွင် နန်းတော်၏ ပင်မ အဝင်တံခါးကြီးရှေ့တွင် တေးဂီတသံများ မြိုင်ဆိုင်နေပေသည်။ အပျိုစင် မိန်းမငယ်တို့၏ အရောင်စုံ လှသွေးကြွယ်မှုတို့ကို ဝံ့ကြွားစွာ တွေ့ရသည်။ နိုင်ငံပေါင်းစုံက အကောင်းဆုံးသော ဝတ်စားဆင်ယင်မူများဖြင့် အင်ပါယာ နန်းတော်ကြီးကို ဝင်ရောက်ဖို့ ပြင်ဆင်နေကြသည်။
ဟန်ယန်းပြည်သူတွေက အင်ပါယာ၏ အနာဂတ် ဧကရီသဖွယ် မိဖုရားအလောင်း အလျာများကို ဂုဏ်ပြုသည့် သဘောနှင့် တေးဂီကများအပြင် ပန်းမာလာ ပေါင်းစုံနှင့် ကြိုဆိုပွဲများ လုပ်ပေးကြသည်။
အဝင်တံခါးကြီးရှေ့တွင် အာဏာရ ရှန့်ကုန်း မယ်မယ်ကြီးနှင့် နန်းတွင်းသူများ၊ အထိန်းတော်များက မင်းသမီးနှင့် မိန်းမပျိုများ စာရင်းကို ပြုစုနေသည်။ လာရောက်သူများသည် စာရင်းရှိ လူ ဟုတ်၊ မဟုတ် ယာယီအခန်းငယ်ထဲမှာ စစ်ဆေး ရသည်။ အစောင့်အကြပ် တင်းကြပ် လှစွာဖြင့် အတွင်းပိုင်း အစောင့်အကြပ်များမှာ ဗိုလ်အဆင့်ရှိ အမျိုးသမီး စစ်သည်တစ်ဦးက စောင့်ကြပ်ပေးထားသဖြင့် စစ်ဆေးခံအမျိုးသမီးငယ်များ အတွက် တစ်စုံတစ်ရာ စနိုးစနောင့် မဖြစ်စေရပေ။
မင်းသမီးငယ်များမှာ ကြီးမားလှသော ဟန်ယန်းနေပြည်တော်ကို ကြည့်၍ ဒီနေရာရဲ့ ဧကရီအလောင်းအလျာ အဖြစ်ကို စိတ်ကူးယဉ် နေကြပြီ ဖြစ်သည်။ အင်ပါယာရဲ့ ဧကရီဆိုတာ ဘွဲ့ခံသာ မရှိတာ၊ ဧကရီတစ်ဦးထက် အာဏာပြင်းသည့် ကြင်ယာတော်အကြောင်းကိုတော့ မသိသူ မရှိပေ။ အမျိုးသားဖြစ်နေ၍ ဧကရီဘွဲ့ကို မလိုချင်သူ ဖြစ်တာမို့ ယခု အိမ်ရှေ့စံ၏ မိဖုရားသည် နောင်အနာဂတ်၏ ဧကရီ အလောင်းအလျာသာ ဖြစ်ကြောင်း သတ်မှတ်ထားကြသည်။
တော်ကောက်ပွဲအတွက် ဝင်ရောက်နိုင်သူများမှာ မင်းသမီးများသာ မဟုတ်ပဲ သာမာန် မူးမတ်ငယ်များ၏ သမီးများပြင် အရပ်ပြည်သူထဲမှ သူကြွယ်များ၏ သမီးများ၊ သာမန်လူလတ်တန်းစားမှ သမီးများ အပါအဝင်ဖြစ်သည်။ လက်အောက်ခံ နိုင်ငံများ၏ အရည်အသွေး ပြည့်မီသော မင်းသမီးများမှာ အားလုံးပေါင်းမှ အယောက်၃၀ မပြည့်။ ထို့အတွက် ကျန်ရှိသော ကြိုးနီများမှာ အရပ်ပြည်သူများ အတွက် ၃၀ ၊ အရာရှိ မူးမတ်များ၏ သမီးများအတွက် ၃၀ ။ သို့ရာတွင် ကြင်ယာတော်ဝမ်အွန်းက ကြိုးနီပေါင်း ၁၅၀ ကျော်ပြုလုပ်ခဲ့ရာ တော်ကောက်ပွဲသို့ ရောက်လာနိုင်သူမှာ ၁၂၀ ဦးရေ အတိအကျ ရလေသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop