" ဝမ်အင်မင်းသား.... အဲ့နားမှာ ရပ်နေလိုက်!!"
" ဟာ.. မယ်မယ် ကျွန်တော်မအားသေးဘူး"
မယ်တော်ကြီးသည် သူ၏ ဖမ်းမရသော သားဖြစ်သူနောက်သို့ ထက်ကြပ်မကွာ လိုက်လာ၏။ ဝမ်အင်သည်လည်း မယ်တော်ကြီးကို တွေ့တာနှင့် ပြေးဟု သော ဂါထာရွတ်ထားသလို တစ်ချက်မှ မနားပဲ ခပ်သွက်သွက် ပြေးသည်။
ဝမ်အင်သည် ပြန်ရောက်သည်နှင့် သူ၏ အိမ်တော်ရှိရာသို့ မပြန်ပဲ နန်းတွင်း၌သာ အိပ်၊စား နေသည်ကြောင့် မယ်တော်ကြီးသည် ပူညံပူညံ လုပ်လေ့ရှိသည်။ သားတော်ကြီးဖြစ်သည့် မင်းကြီးမှာ ကြင်သူနှင့် ဆက်ခံသူနှင့် ပြည့်စုံပြီဖြစ်၍ ဒီတစ်ခါ မယ်တော်ကြီး၏ မြေးဆက်မြှားဦးမှာ အငယ်နှစ်ယောက်ဖြစ်သည့် ဝမ်အင်နှင့် ဝမ်မင်ဆီမှာ ကျရောက်တော့သည်။
ဝမ်အင်သည် ခပ်သွက်သွက် သွားနေရင်း ရှေ့နားမှ သူ၏ တူတော်ကြီးအား တွေ့သဖြင့် ဝမ်းသာအားရ အပြေးတွေ့တော့သည်။
" ဂျွန်လေး... "
" ဦးရီးတော်... "
ဂျွန်လေးသည် နှူတ်ဆက်မလို ခါးကိုင်းရာမှ ဝမ်အင်မှ ဂျွန်လေးအား ပုခုံးမှဖက်ကာ ဆွဲခေါ်သွားတော့သည်။
" စစ်တန်းလျာကို သွားမလို့လား... လမ်းသင့်လိုက်တာ ဦးရီးတော်လည်း အဲ့ဒီ့ကို သွားမလို "
" ဦး.. ဦးရီးတော်... နောက်က မယ်မယ်ကြီးရဲ့ အသံလား"
" ဟင့်အင်း.. ဟင့်အင်း.. မလှည့်ကြည့်နဲ့ ငါ့တူ! မသိချင်ယောင်ဆောင်ပြီးသာ လိုက်လာ "
ဂျွန်လေးသည် ဝမ်အင်၏ လက်မောင်းတွေကြား အူကြောင်ကြောင်နှင့် လိုက်ပါသွားရတော့သည်။
မယ်တော်ကြီးသည် စစ်တန်းလျား ဘက်အထိတော့ လိူက်မဖမ်းနိုင်တော့မှန်း သိတာကြောင့် ပြန်လှည့်ရုံသာ ရှိတော့သည်။ သို့သော်လည်း သူ၏ အထွေးဆုံးသား ရှိသေးသည် ဟူသော ရည်ရွယ်ချက်နှင့် ဝမ်မင်ရှိရာသို့ ကြွလှမ်းတော့သည်။
စစ်တန်းလျား၌ ဖြစ်သည်။
ချင်နိုင်ငံသို့ စစ်ကြေငြာပြီးချိန်ကတည်းက တောင်ပိုင်း အင်ပါယာ၏ စစ်သည်တိုင်းသည် အမြဲ အသင့်အနေထားနှင့် ရှိနေရသည်။ နယ်စစ်တိုင်းမှာလည်း နယ်ခြားစောင့်စစ်သည် အလုံအလောက်နှင့် ချင်နိုင်ငံအတွင်းသို့ ထိုးဖောက် ဝင်ရောက်နေပြီ ဖြစ်တဲ့ စစ်ကြောင်းတွေလည်း ရှိသည်။
![](https://img.wattpad.com/cover/144161185-288-k394946.jpg)
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop