လပြည့်နေ့ ။
လပြည့်ညပွဲတော်များကို ကျင်းပဖို့အတွက်
တောင်ပတ်လည်ဝိုင်းနေတဲ့ ဟွမ်ယွိမြို့ငယ်လေးက
မနက်နေမထွက်ခင်တည်းက ပြင်ဆင်မှုတွေနဲ့
လှုပ်ရှားဆူညံနေကြသည်။ပွဲတော်နေ့မတိုင်ခင်တည်းက သမားတော်ကြီးအိမ်မှာ
ဆေးတွေလာရောက်ဝယ်ကြသူများကြောင့်
Minseok အပါအဝင် အခြားလက်ထောက်
သမားတော်တွေပါ နေ့ညမနားဆေးကြိတ်ရ ၊
လူမမာကြည့်ပေးရနဲ့ အလုပ်များနေသည်။Minseok နေ့လယ်အိမ်မပြန်နိုင်တဲ့နေ့တွေဆို
Baekhyun ကိုလည်း သူမျက်စိအောက်နားမှာပဲ
ရှိနေစေပြီး ၊ ပုံဆွဲခိုင်းထားတက်သည်။
Baekhyun ရဲ့ ဆော့ဖော်ဆော့ဖက်လေးတွေ
ရှိရင်တော့ လွှတ်ပေးထားတက်သည်။လူမမာတွေများနေတဲ့နေ့မို့ Baekhyun နဲ့
သူရဲ့ကစားဖော်လေးတွေ ဆူညံအောင်ဆော့မနေကြပေ။
Baekhyun ကိုယ်တိုင် ကလေးတွေကို စာရွက်
လေးတွေ ကိုယ်စီပေးရင်း ပုံဆွဲနည်းလေးတွေ
သင်ပြပေးနေသည်။တစ်ဆက်တည်း လက်ရေးလှပန်းချီကိုလည်း သင်ကြား
ပေးနေတာမို့ ကလေးတွေငြိမ်ပြီးစာရေးနေကြပြန်သည်။သမားတော်ကြီးရဲ့ အိမ်ခြံကြီးတွေထဲက ဇရပ်ငယ်
လေးဆီမှာ ထိုင်နေကြတဲ့ Baekhyun နဲ့
ကလေးအုပ်စုတို့ကို မကြာမကြာ ချောင်းကြည့်နေ
ကြတဲ့ သမားတော်အုပ်စုလည်း ရှိကြသည်။
သူတို့ချောင်းကြည့်နေတုန်း ရှေ့ကနေ
ဂျိုကြည့်ကြည့်နေတက်တဲ့ သမားတော်ဂင် ကြောင့်
ခဏခဏလည်း ပြေးပေါက်မှားရသေးသည်။" Baekhyun hyung.....
ဟိုမှာကြည့် ... ဟို သခင်လေးတွေကို "Baekhyun ကလေးတစ်ယောက်ပြောသံကြောင့်
ပုံဆွဲနေရာက မော့ကြည့်လာသည်။ခြံဝအနားကို ရောက်လာတဲ့ မြင်းနှစ်စီးနဲ့
မြင်းစီးသမားနှစ်ယောက်ဖြစ်တဲ့ သခင်လေးတွေ။
တောက်ပနေတဲ့ ဝတ်စုံ မျိုးမဟုတ်ပဲ သာမာန်
ဝတ်စုံနဲ့တောင်မမြင်ရတဲ့ အရောင်အဝါတွေ
တောက်ပနေသလိုခံစားရစေသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop