DB-28

27.3K 2.3K 145
                                    


စားတော်စားပွဲများ၏ ထိပ်ဆုံးပုလ္လင်ထက်မှ ဝံ့ကြွားစွာ နေရာယူနေသော ဇကရာဇ်ကြီးသည် မင်းအိနြေ္ဒအပြည့်နှင့် တည်ကြည်နေလှသည််၊၊ ယောရိုဝန်း၏ ရိုးရာဓားသိုင်း အကအလှကို ငြိမ်သက်စွာ ကြည့်ရှုနေပါမှု သူ၏ လျင်မြန်လှသော အကဲဖမ်းမှုသည် သူ့နံဘေးမှ ငြိမ်သက်လှသော ကြင်ယာတော်အား မည်သူ၊ မည်သည့်တိုင်းမှ ဘုရင်၊ မည်သည့်မင်းသား၊ မိဖုရားက ကြည့်ရှုနေသနည်း ဆိုသည်ကို အတိအကျ သိနေသည်ပဲ ဖြစ်သည်၊၊

ကြင်ယာတော်ဆီ အကြည့်ရောက်လာသော သူတိုင်းသည် အန္တရာယ်အငွေ့အသက် ပါသော နဂါးမျက်ဝန်းတစ်စုံနှင့် တည့်တည့်တိုးရသည်ပဲ ဖြစ်သည်၊၊ ဇကရာဇ်မင်း၏ ပြာလဲ့လာသော မျက်ဝန်းများကို တွေ့ရလေ ထိုသူတို့မှာ လည်ပင်းပဲ ယားကျိကျိဖြစ်လာသလို၊ ကျောပြင်သည်ပဲ ယားယံလာသလို ကြက်သီးမွှေးညှင်းများကလဲ ထောင်ထ လာရသည်ပဲ ဖြစ်သည်၊၊

ဝမ်ယောလ်သည် ယနေ့အတွက် အစားနည်းလှသော ကြင်ယာတော်ဘက် လှည့်၍ မေးလာသည်၊၊

" ဝမ်အွန်း ... မင်းဒီနေ့ သိပ်မစားပါလား
အနားယူချင်ပြီလား "

ဘတ်ဟျွန်း ခေါင်းခါ၍ ဆိုလာသည်၊၊

" စားကောင်းလို့ ထပ်စားမှာပါ .. စောနလေးတင်မှ ဂျွန်လေးနဲ့ အချိုစာတွေ စားခဲ့လို့ "

" သြော် .. လိုတာရှိရင် ချက်ချင်းပြောနော်"

ဘတ်ဟျွန်း ခေါင်းသာ ငြိမ့်ပြသည်၊၊

အခုချိန်က တိုင်းတစ်ပါးရဲ့ တန်ဖိုးထားရတဲ့ အကအလှအမွေနှစ်ကို ပြသချိန်ပင်၊၊ ဤသည်ကို အလိုက်မသိ စားသောက်နေ၍ မဖြစ်ပေဘူးလေ၊၊

ဝမ်ယောလ် မင်းကြီးအတိုင်း တည်ငြိမ်စွာဖြင့် ကြည့်ရှုနေ ပါသော်လည်း တစ်ချက်တစ်ချက် သူ့မျက်လုံးသည် စားပွဲပေါ်မှ ငရုတ်သီးစိမ်း၊ အနီတို့ဖြင့် အရောင်အဆင်း လှလှ ပြည်ကြီးငါးသုပ်ကို ရောက်နေဖြစ်သည်၊၊

ဂလု !

အမယ်တစ်ရာ ဟင်းလျာမှ ရောင်စုံစားဖွယ်တို့၏ မွှေးပျံ့သော အနံ့တို့ကလည်း စွဲဆောင်ပြန်သည်၊၊ တစ်ခါတစ်ခါ သူ့နှာဝသို့ အလည်ရောက်လာသော စွတ်ပြုတ်နံ့သည် လတ်ဆတ်သော ဂဏန်းအရသာကပါ ကပ်ပါလာသည်၊၊

Dragon's Blade   [ Season-2 ] Where stories live. Discover now