DB-109

4.5K 568 27
                                    

ဘတ်ဟျွန်း လျင်မြန်စွာ သဘောတူပြီး ဝမ်ယောလ်နဲ့အတူ အပြင် ပြန်ထွက်ခဲ့သည်။

သားသမီးများ၏ အကြည့်တွေက သူတို့ ထံတွင်သာ ရှိနေသည်။ ဦးစွာ ဝမ်ယောလ်က စပြောလာသည်။ " မင်းတို့က ကလေးတွေနဲ့ နိုအာကို ဒီမှာ ထားခဲ့ပြီး သွားရှာမှာလား။ ဒါမှမဟုတ် အကုန်ခေါ်သွားမှာလား..."

ရှင်းက ပြန်ဖြေပေးသည်။ " ကျွန်တော်ကတော့ ခဏဖြစ်ဖြစ် ထားခဲ့ချင်တယ်" ယင်းကလည်း ထိုနည်းလည်းကောင်းပဲ။

ထိုအခါ ဝမ်ယောလ်က သက်ပြင်းချပြီး ပြောလာသည်။ "မင်းတို့ ခုထိ ရှာနေကြတုန်းတောင် နှစ်ကြာတဲ့အထိ အိမ်ပြန်မလာနိုင်ကြဘူး။ ကလေးတွေနဲ့ နိုအာကို ငါတို့ကြည့်ပေးနိုင်တယ်။ ဒါပေမဲ့ ကလေးတွေက သူတို့အဖေကို မေးတဲ့အခါ ငါတို့ ပန်းချီပုံတူက လွဲရင် ဘာမှ မပြပေးနိုင်ဘူး။ မင်းတို့ ဒါပဲ တစ်သက်လုံးရှာနေရင် မင်းတို့ရဲ့ ကိုယ်ပိုင်သွေးသားကို လက်လွှတ်ရလိမ့်မယ်!"

ရှင်းနဲ့ ယင်းလည်း ထိုကဲ့သို့ စဥ်းစားခဲ့ဖူးပေမဲ့ ငယ်ရွယ်သေးသည့် ကလေးတွေကိုလည်း ပင်လယ်ထဲ မခေါ်ချင်သေးပေ။ သို့ရာတွင် ထိုအရာက သူတို့ အစဥ်အဆက် အားစိုက်လာသည့် အရာပေမို့ လက်လွှတ်ရန်လည်း ခဲယဥ်းနေပေသည်။

သားသမီးအားလုံးကို သေချာကြည့်၍ ဝမ်ယောလ် ဆက်ပြောလာသည်။ " အတိတ်ဘဝက ခမည်းတော်တို့ကို ဆုံစည်းစေခဲ့တာကြောင့် အရေးပါခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ လက်ရှိ ပစ္စုပ္ပန်က အရေးကြီးဆုံးပဲ။ ခမည်းတော်က ဝမ်အွန်းနဲ့ အတူဆုံစည်းရတယ်။ မင်းတို့ လေးတွေကို ပြန်ရတယ်။ မင်းတို့ကို ကြီးပြင်းလာအောင် စောင့်ရှောက်ပေးနိုင်ခဲ့တယ်။ သေချာတယ် ... အရင်ဘဝက ဒီလို မလုပ်ပေးခဲ့ဘူးဆိုတာ..."

" ဒါကြောင်နဲ့ပဲ တန်ဖိုးရှိတဲ့ လက်ရှိ ပစ္စုပ္ပန် ကို လက်လွှတ်လို့ ဘယ်ဖြစ်မလဲ။ ဒီအဖေတွေ အပေါ်ထားတဲ့ မင်းတို့ရဲ့ မေတ္တာကို နားလည်ပါတယ်။ ဒါပေမဲ့လည်းပဲ မင်းတို့ရှာမဲ့ ဆေးကို အဖေတို့ လက်မခံနိုင်ဘူး "

ဘတ်ဟျွန်းကလည်း ထပ်လောင်း ပြောလာသည်။ " ငါတို့က ဆေးသောက်လို့ အသက်ရှည်အနာမဲ့ပြီးတော့ ကျန်နေခဲ့ပြီး မင်းတို့က တစ်ဖြေးဖြေး အသက်ရွယ်ကြီးပြီး ဆုံးပါးသွားမှာကို  ထိုင်ကြည့်ခိုင်းတာတော့ မဖြစ်နိုင်ဘူးလေ... ဟုတ်တယ်မလား ။ ဘယ်မိဘက ကိုယ့်ထက်အရင် ထွက်သွားမယ့် ကလေးကို နှုတ်ဆက်နိုင်ပါ့မလဲ..."

Dragon's Blade   [ Season-2 ] Where stories live. Discover now