ယခင်က နန်းတွင်း၏ ဒုတိယအဆင့် အင်အားအကြီးမားဆုံး ကိုယ်ရံတော်သည် ယခုတော့ မြို့စားမင်းကတော် ဟူသော ဂုဏ်ပုဒ်ဖြင့် သူ့ရှေ့တွင် ခစားဝင်နေသည်။
ဒုတပ်မှူးမှသည် မြို့စားအဖြစ်သို့ ရာထူးရ လာသည့်အခါ တစ်နယ်တစ်ကျေးမှာ သွားရောက်နေရသည်။ စည်းကားလှသော မြို့ပြကြီးကို ဇနီးမောင်နှံနှစ်ဦးအား အုပ်ချုပ်စေ၏။ ဝမ်ယောလ်က ဒုတပ်မှူးကိုပဲ အာဏာလွှဲအပ်သည်မဟုတ်၊ အရည်အချင်းများ အပြည့်အဝ ရှိနေသေးသော ဆူးကိုပါ အိမ်တွင်းပုန်းရမည့် အိမ်ရှင်မတစ်ယောက် အနေသို့ မနေစေလို၍ အခွင့်အာဏာ ပေးအပ်ထားလေ၏။
ကလေးနှစ်ယောက် မိခင် ဖြစ်ပြီးသည့်တိုင် ဆူးသည် ယခင်ကလို သွက်လက် ထက်မြက်ကာ ချောမောနေသည့် အသွင်မှာ ရှိနေဆဲ ဖြစ်သည်။ ဒီ ဆယ်နှစ်တာကာလမှာ လူတွေလဲ ပြောင်းလဲလာကြပြီ ဆိုတာ ဘတ်ဟျွန်း တွေးနေမိသည်။
" ကလေးတွေက ရောက်ရောက်ချင်း သူ့ဦးဦး နှစ်ယောက်ဆီမှာ အကြာကြီး သွားချွဲနေကြသေးတာ ... အစ်ကိုလဲ သူ့တူတွေ တူမတွေ မတွေ့ရတာ ကြာလို့လား မသိဘူး မျက် ရည်အဝိုင်းသားနဲ့ !!!"
" အင်းပေါ့ ... ဂီ ရော ရှောင်လီရောက အချိန်ပြည့် တာဝန်ထမ်းနေကြတော့ လာလည်ဖို့ အချိန်မပေးနိုင်ကြဘူး "
ဆူးက ရယ်မောပျော်ရွှင်စွာနဲ့ ပြောလာသည်။
" အဲ့တာကြောင့် သူက မုန့်ဖိုးတွေ အများကြီး ပြင်ပေးထားတယ်ဆိုပြီး ကလေတွေကို ပေးနေတာ "
ဆူးနဲ့ သူ့တွင် ပြောစရာများက မကုန်နိုင်သဖွယ်။ ညနေစောင်းသည်အထိ ရယ်မောမပြတ်ကြသေး။ သူ့အနေနှင့် ဆူးသည် အရင်ဝန်ထမ်းဆိုသည်ထက် မတွေ့ရတာ ကြာသော သူငယ်ချင်းဟောင်းနှင့် ပိုဆင်တူသည်။
မတွေ့ရသော ကာလတွေအတွင်းက ပြောစရာများသည် မကုန်နိုင်ဖွယ်ရာ။ ဝမ်ယောလ် ရောက်လာမှသာ သူတို့ စကားဝိုင်းလေးသည် အဆုံးသတ် သွားရတော့သည်။
ဝမ်ယောလ်သည် သူ့သမီးလေးက အခြားကလေးမလေးတစ်ဦးနှင့် ရယ်မောကာ ဆော့ကစားနေသည်ကို တွေ့ရခိုက် အလွန်အံသြနေသော အမူအရာနှင့် ဖြစ်သည်။ ဘယ်အိမ်က ကလေးလဲဟု မေးရန် ပြင်ေနစဉ် တနင့်တပိုးကလေးကြီး ချီထားသော သူ၏ ကြင်ယာတော်ကို တွေ့လိုက်ရသည်။
STAI LEGGENDO
Dragon's Blade [ Season-2 ]
Narrativa StoricaWarning .. Mperg Covered by @LenCo graphic Shop