၇လဟူသော ကာလအတွင်း ချင်နိုင်ငံရဲ့ ၃ပုံ၂ပုံဟာ တောင်ပိုင်းအင်ပါယာရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြန်ရရှိလာခဲ့သည်။ ချင်နိုင်ငံ၏ ဘုရင်သည် အိမ်နီးချင်းနိုင်ငံထံသို့ ခိုဝင်သွားကြောင်း သိရသလို နန်းကျမိဖုရားဟာလည်း ပါဝင်သွားတယ် ဆိုတဲ့အကြောင်းက မသိတဲ့သူမရှိ။ထို့ကြောင့်ပဲ စစ်ရေးအခြေအနေဟာ ဆိတ်ငြိမ်သွားသည်ဟု ပြည်သူတွေ သတ်မှတ်ထားပြီး ချင်နိုင်ဘက်က အဓိက ရလာတဲ့ ဟင်းခတ်မှုန့်တွေ ပြန်ကုန်သွယ်ဖို့ ကြိုးစား ကြပြန်သည်။ ဝမ်ယောလ် လွှတ်ထားသည့် ကုန်သည်အဖွဲ့ဟာ အမိန့်အရ ထိုကုန်သွယ်မူကို သူတို့အပိုင် ဖြစ်ရအောင် ကြိုးစားနေကြသည်။ နောက်ထပ် ချင်နိုင်ငံနဲ့ ဆက်သွယ်ခွင့် မရှိတော့လျင် ထိုကုန်ပစ္စည်း ပြတ်လပ်သွားမူကို ဖြေရှင်းနိုင်ရန် ဖြစ်သည်။
ဝမ်ယောလ်သည် သူ၏ နန်းဆောင်အတွင်းမှ သလွန်တော်အပေါ်တွင် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ မှီလျက် ရှိနေသည်။ သူ၏ အိမ်နီးချင်း တစ်ဖြစ်လဲ ငယ်ပေါင်းကြီးဖော် မင်းဘုရင်တွေဟာလည်း သက်ဆိုင်ရာ သလွန်ပေါ်မှာ ထိုင်သူထိုင်၊ လဲသူလဲနှင့် အချိန်ဖြုန်း နေကြသည်။ ထိုနေရာ၌ မည်သည့် နိုင်ငံရေးအကြောင်းမျှ မပါဝင်စေရပဲ မိသားစုရေးရာတို့ကိုသာ ဖြေရှင်း ပြောဆိုကြရန် ဖြစ်သည်။
ဝမ်ယောလ်သည် ဘုရင်နှစ်ပါး၏ သားသမီးချင်း စေ့စပ်မှုပြုလုပ်နေသည်ကို ကြည့်ပြီး ခွင့်ပြု ချီးမြှင့်ပေးရန် ဖြစ်သည်။ ဘုရင်နှစ်ပါးဟာ သူတို့ သားသမီးတွေကို ဘယ်နှနှစ်ဆိုလျင်ဖြင့် လတ်ဆက်ရမည် ဖြစ်ကြောင်းကိုပါ တိုင်ပင်နေကြသည်။ ထို့အတွက် ဝမ်ယောလ်သည် ဘာမှ ဝင်မပြောသေး။
အထိန်းတော်ငှဲ့ပေးသည့် လက်ဖက်ရည်ကို ယူသောက်လိုက်ရသည်။ ထို့နောက် သူနှင့် နီးစပ်လှသော သူငယ်ချင်းရောင်းရင်း ဘုရင်ထာလီသည် သူ့ကို မေးမြန်းလာသည်။
" ဧကရာဇ်မင်းမှာရော.. အားကိုးရတဲ့ သားတော်ကြီးအတွက် လက်ဆက်ပေးချင်တာမျိုး မရှိသေးဘူးလား "
ဝမ်ယောလ် လက်အသာခါပြ၍ ဆိုလာသည်။
" မရှိပါဘူး။ ကျုပ်ရဲ့သားက ခုမှ ဆယ်နှစ်တောင်မပြောနဲ့ ကိုးနှစ်ထဲတောင် မဝင်သေးဘူး။ သူ့စိတ်ကြိုက် လွတ်လပ်စွာ နေစေဦးမယ် "
