လူရှုပ်ထွေးသော မြို့လယ်ကောင် ဈေးတစ်နေရာမှ ဖြစ်သည်။ မြင်းနှစ်စီးသည် ယှဉ်စီးလျက် လူများရာ မြို့လယ်မို့ ဖြေးဖြေး ချင်းသာ လျောက်လှမ်းနေသည်။ အရွယ်တူမြင်းနှစ်စီးအပြင် အရွယ်တူ မြင်းစီးသမား လူရွယ်နှစ်ယောက်သည် ဈေးလမ်း တည့်တည့်ကို မျက်နှာမူလျက်ရှိကြသည်။
" သူတို့ ခုထိ လိုက်လာနေတုန်းပဲ "
" အင်း... ကြည့်ရတာ မြို့ပြင်ထိ ပါလာမဲ့ပုံပဲ"
နှစ်ဦးသားသည် ဘေးပတ်ဝန်းကျင်ကို လှည့်မကြည့်ပဲနှင့် သူတို့၏ နောက်ယောင်ခံတို့ အခြေအနေကို အတပ်သိနေကြသည်။ သူတို့နှစ်ဦးမှာ အင်အားကြီး တောင်ပိုင်းအင်ပါယာ၏ စတုတ္ထမင်းသား ဝမ်အင်နှင့် လက်ယာစစ်သူကြီး ဆယ်ဟွန်းတို့ ဖြစ်ကြသည်။
ဆယ်ဟွန်းက ဆိုလာသည်။
" မြို့ပြင်ကိုရောက်တာနဲ့ လမ်းခွဲထွက်ရအောင်"
" ဘာ! အတူတိုက်မယ်လေ !! မင်းက တစ်ယောက်တည်း သူရဲကောင်း လုပ်ချင်နေတာလား "
" မင့်သောက်ပေါက်ကြီး တိုးတိုးနေစမ်း!!!"
ဂျုံအင်သည် အော်ငေါက်ခံရသည်ကြောင့် မျက်နှာတစ်ခုလုံး သုန်မှုန်သွားရသည်။ ဆယ်ဟွန်းမှ မရိပ်မိစေရန် ပိပိရိရိ နေခိုင်းသည်မို့ သူ့ခေါင်းကို နဂိုအတိုင်း ပြန်တည့်ထားရသည်။
" ဒါနဲ့ တစ်ကယ်ပဲ မင်းတစ်ယောက်တည်း ရင်ဆိုင်မလို့လား"
" ငါတို့ မြို့ပြင်မှာ ဘာကစောင့်ကြိုနေလဲ မြင်ရတာမဟုတ်ဘူး။ ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေတာလဲ ဖြစ်နိုင်တယ်။ လက်စဖျောက်ပစ်ဖို့ စောင့်နေတာလဲ ဖြစ်နိုင်တယ်။ နှစ်ယောက်လုံး အန္တာရာယ်ကျနေတာထက် စာရင် တစ်ယောက်က လွတ်နေတော့ မကောင်းဘူးလား"
ဂျုံအင်သည် ခပ်ပြုံးပြုံး ဆိုလာ၏။
" ငါတို့ထဲက ဘယ်သူလွတ်လွတ် ကိစ္စ မရှိဘူးဆိုတဲ့ သဘောလား "
" အင်း "
ဂျုံအင်သည် ရှေ့ တည့်တည့်ကိုသာ ကြည့်နေသည့် ဆယ်ဟွန်းကို ငေးကြည့်ပြီး မေးလာသည်။
" ဆယ်ဟွန်း... မင်းဖမ်းမိလည်းပဲ ငါ့ကိုယုံပြီး စောင့်နေမယ်မလား "
ŞİMDİ OKUDUĞUN
Dragon's Blade [ Season-2 ]
Tarihi KurguWarning .. Mperg Covered by @LenCo graphic Shop