ဗြောလေးသည် ပုံမှန်မဟုတ်သော နန်းတွင်းသူ၏ မျက်လုံးနှင့် နှုတ်ခမ်းများကို သတိပြုမိပါ၏။ သူမ၏ မျက်ဝန်းများက နာကြည်းရိပ်များ ပြည့်ဖုံးနေကာမူ နှုတ်ခမ်းများက ပီတီအပြုံးများဖြင့်။
" ကျွန်တော်မျိုးမက ဒီလိုအချိန်မျိုးကို ရောက်လာမယ်ကို မထင်ထားခဲ့မိဘူး... အခုတော့ မင်းသမီးက ကျွန်တော်မျိုးမတို့နဲ အနီးကို ရောက်လာပေးခဲ့တယ် ...."
" ငါနဲ့ ဘာရန်ငြိုးရှိခဲ့လို့လဲ ..."
သူမသည် ဗြောလေးအမေးကြောင့် သွေးမျက်ရည်များ ကျဆင်းလာသည် အထိ ရယ်မောလာခဲ့သည်။
" မင်းသမီးလေး အနောက်အင်ပါယာ ကနေ ပြန်မလာခင်တည်းက ကျွန်တော်မျိုးမတို့လို မှောက်နက်ကျင့်စဉ်ရှိတဲ့သူတွေက အပြစ်လုပ်ထားသည်ဖြစ်စေ မလုပ်ထားသည် ဖြစ်စေ အတက်ပညာရှိနေရုံနဲ့ လူမဆန်အောင် ရှင်းလင်း ပစ်ခံခဲ့ရတာ .... ကျွန်တော်မျိုးမတို့က တစ်သီးတစ်သန့် နေခဲ့ပေမဲ့ မင်းသမီးလေးကို အပြစ်ပြုမိပါတယ်ဆိုတဲ့ စွဲချက်နဲ့ တစ်မိသားစုလုံး ကွပ်မျက်ခံခဲ့ရတယ်!!!! "
" ကွပ်မျက်တယ်? ပြစ်မှုထင်ရှားရင် ကွပ်မျက်ဖို့ထိ လုပ်ထားပေမဲ့ ပြစ်မူမရှိရင် အတက်ပညာပဲ ဖျောက်ခံရတာပါ "
" အတက်ပညာအဖျောက်ခံရတဲ့ ခံစားချက်ကရော သေတာထက် ဘာထူးလို့လဲ!! တောင်ပိုင်းအင်ပါယာ တစ်ခုလုံးက ဘာအစီအရင်မှ လုပ်လို့ မရတော့အောင် အင်အားကြီးသွားပေမဲ့ အခုဘယ်လိုလုပ်ကြမလဲ ... ကြယ်တာရာ ကာလ ကုန်ဆုံးတာနဲ့ အရင်က ဘာမှ လုပ်လို့မရခဲ့တဲ့ အစီအရင်တွေက မင်းသမီးလေးအနီးနားမှာ တစ်ဖြေးဖြေး အသက်ဝင်နေပြီ.. ဝမ်ယောလ်မင်းကြီးကို လည်း သားသမီးပျောက်ခံရတဲ့ခံစားချက်ကို ပြန်ခံစားစေရတော့မယ် ...."
သူမ၏ သွေးမျက်ရည်ရောသော မျက်လုံးများသည် အတိသွေးဆာ နေပေ၏။ သွေးကြွေးကို သွေးဖြင့်သာ ဆပ်ရန် ဆန္ဒရှိပုံရသည်။
ဗြောလေးသည် မိုးထန် လေထန်သော ဘေးပတ်ဝန်းကျင်ကြောင့် အော်ဟစ် အကူအညီတောင်းလို့ မရနိူင်တော့။ ယခုတော့ သူမသည် ကိုယ့်ခြေထောက်ကိုယ်သုံး၍ လွတ်ရာသို့ ပြေးရန်သာရှိတော့သည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop