DB-36

24K 2.2K 286
                                    


" ဝမ်အွန်း.. "

ဝမ်ယောလ်သည် သူ့ရှေ့ရှိ စားပွဲကို တွန်းဖယ်လှန်လိုက်ပြီး ဘတ်ဟျွန်း အနားသို့ သွားတော့သည်။ ကပွဲမှာသာ အာရုံ ရောက်နေသည့် လူတို့သည် မင်းကြီး၏ စားပွဲ လွင့်ထွက် သွားသည်ကို မြင်ရပြီး ကြက်သေသေကုန်လျက် ရှိသည်။

ဝမ်ယောလ်သည် ဘတ်ဟျွန်း ကိုယ်အား နောက်ကနေ ပြေးထိန်းကာ ပွေ့သည်။ ဖြူစွတ်နေသည့် အကျႌရင်ဘတ်သည် သွေးတို့ ရဲနီနေသည်ကို မြင်ပြီး ဝမ်ယောလ် ဒေါသတွေ ထိန်းမနိုင်အောင် ထွက်ခဲ့သည်။

" ဒီဆေးကို ဘယ်သူ ဆက်သတာလဲ!!!"

ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်ကို အခွင့်ကောင်းလျက် ပြေးဖို့ ကြံရွယ်နေသည့် နန်းတွင်းသူနှစ်ယောက်သည် ခန်းမ တံခါးနားပင် ရောက်ရှိနေပြီ။ သို့သော်လည်း သူတို့ ဘယ်လောက်မှ မလှမ်းရသေးခင် ခြေတွေ၊ လက်တွေအပြင် ခေါင်းကိုပါ ထိန်းထားသည့် ကြိုးတွေ ပေါ်လာခဲ့သည်။ ဆံချည်မျှင် လောက်သာ ရှိသည့် ကြိုးတွေက ထိုနှစ်ယောက်ကို မသေရုံတမယ် ထိန်းချုပ်ထားနိုင်ခဲ့သည်။ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ရအောင် လျှာနှင့်ခံတွင်းကိုပါ ထိန်းချုပ်လျက် အရှင်ရအောင်ဖမ်းဆီးထားသည်။

ဝမ်ယောလ်သည် ထိုအပြစ်သားနှစ်ယောက်အား ဝမ်အင် လက်ထဲ ခေတ္တအပ်ပြီး ဘတ်ဟျွန်းကို ပွေ့ချီ၍ ခန်းမထဲက ထွက်ဖို့ရန် ပြင်သည်။ ဘတ်ဟျွန်း သောက်ခဲ့သည့် ဆေးခွက်၊ ဆေး ၊ အကုန် ဆူးနှင့် အထိန်းတော်တို့က ကပျာကယာ သိမ်းဆည်း၍ အပြေးလိုက်ရသည်။

မယ်တော်ကြီးသည်လည်း တုန်လှုပ်လျက်နှင့် ထိုနေရာကနေ မထနိုင်ပဲ ရှိနေသည်။ မင်းသားဝမ်အင်က ထိန်းမတ်ပေး၍ မယ်တော်လမ်းလျောက်ဖို့ရန် အတွက် အကူအညီ ပေးရသည်။

သွေးတွေ ဆက်တိုက်အန်နေသည့် ဘတ်ဟျွန်းကို ကြည့်ပြီး ဝမ်ယောလ် ပိုလို တုန်လှုပ်လာသည်။ အခန်းထဲသို့ တရောသောပါ ပြေးလာသော မင်ဆော့သည် ဘတ်ဟျွန်းအနား ဖြေးဖြေးချင်းကပ်ပြီး သွေးတွေကို သုတ်ပေးသည်။

" ဝမ်အွန်း.... အခု ဘယ်လိုခံစားရလဲ... တစ်ခုခု နာကျင်တာ ရှိလား.. "

Dragon's Blade   [ Season-2 ] Where stories live. Discover now