အိမ်ခေါင်းရင်းအပင်ကြီးဆီမှ ကြားနေကျငှက်သံ
တစ်ချို့ကြောင့် မနက်မိုးသောက်ပြီဆိုတာ သူ
သိလိုက်ပြီ ။ ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ အိပ်ပျော်
နေတဲ့ သားဂျွန်ရဲ့ခေါင်းပေါ် မေးတင်ကာထပ်မှေး
လိုက်ရင်း ပိုတင်းအောင်ဖက်လိုက်သည် ။" Baekhyun...."
Minseok အသံကြောင့် မျက်လုံးဖွင့်ကြည့်မိသည်။
ကြက်သွေးရောင် နန်းဝတ်နန်းစားတို့နဲ့ ဆံပင်ကိုလည်း
သေချာ သပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားတာမို့ Baekhyun
သေချာကြည့်လိုက်ရသည် ။" ဧကရာဇ်နဲ့ သူတပ်က နေမထွက်ခင်တည်းက
အသင့်ဖြစ်နေပြီ ... မင်းနဲ့ ဂျွန်လေးကို အသင့်ဖြစ်တဲ့
အချိန်ထိ သူတို့စောင့်နေလိမ့်မယ် .... "" မနေ့ကထိ...အိမ်မက်ဖြစ်ပါစေလို့ ဆုတောင်းခဲ့တာ.."
Minseok ကုတင်အနားလာခဲ့ရင်း အိပ်ပျော်နေတဲ့
ကလေးရဲ့ မျက်နှာကို ဖွဖွလေးကိုင်နေမိသည် ။" မင်းတို့ နှစ်ယောက်လုံးမှာ ဘာအမှားမှ
မရှိဘူး.... အဲ့ဒီ့မှာ နေထိုင်ရခက်ခဲပေမဲ့
နေနိုင်အောင် ကြိုးစားပေးပါ...ဂျွန်လေး
အတွက်ပဲဖြစ်ဖြစ်ပေါ့ "Baekhyun ကုတင်ပေါ်က အင်္ကျီတွေကို
မြင်တော့ မျက်နှာဖြူဖျော့သွားသည် ။
ရွှေရောင်အနားကွပ် အဖြူရောင်ပိုးသားစနဲ့
ဝတ်ရုံတွေက မနေ့က Baekhyun ဆို
တဲ့ လူသားတစ်ယောက်ကို ဖျောက်ပစ်
တော့မှာလား...။" ဂျွန်လေး..... ထတော့ .... ထ လာခဲ့ !! "
Minseok ဂျွန်လေးကို အတင်းလှုပ်နိုးပြီး
ထခိုင်းတော့သည် ။ Baekhyun သူ့ရှေ့က
သားဂျွန်ရဲ့ ရှုပ်ပွနေတဲ့ ခေါင်းကိုဖွပစ်ရင်း ။
အိပ်ချင်မူးတူးနဲ့ ငုတ်တုတ်ထိုင် နေတဲ့ဂျွန်လေးက
တဝါးဝါးသန်းနေရင်း မင်ဆော့ ဆွဲခေါ်ရာ
နောက်ကို စူပူပူနဲ့ လိုက်သွားတော့သည် ။မင့်ဆော့ ဂျွန်လေးရဲ့အဝတ်တွေကို ချွတ်ပေးရင်း
ခြေလက်ဆေးဖို့ ကူညီပေးနေသည် ။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop