ဝမ်ယုံးမင်းလက်ထက် ။ဆောင်းဦးဝင်စ ပွင့်လင်းရာသီ ဖြစ်သည်နှင့်အညီ
ရာသီဥတုက နေထိုင်သွားလာဖို့ အသင့်တော်ဆုံး
ဖြစ်သည် ။ ကုန်သည်တွေ ကုန်ကူးဖို့လည်း
အသင့်တော်ဆုံး ရာသီဥတု ဖြစ်နေသည်။ကုန်တင်ပစ္စည်းများ သယ်ဆောင်လာသော
မြင်းလှည်း အစီး၂၀ သည် လမ်းခရီးတစ်ဝက်
မှာ ခရီးတစ်ထောက်အနားယူကြရင်း မနက်စာ
အတွက် မိန်းမများက ချက်ပြုတ်နေကြသည်။ကုန်သည်မြင်းလှည်းတန်းကြီးကို ဖြတ်သန်း
လာကြတဲ့ တစ်ခြားခရီးသည်တွေလည်း
ရှိကြသည် ။ ထိုအထဲတွင် ခရီးသွားအုပ်စု
တစ်ခုသည်လည်း ကုန်သည်အုပ်စုထံမှ
စားသောက်ဖွယ် ကုန်ခြောက်အချို့ကိုဝယ်ယူ
ကြရင်း ကုန်သည်ခေါင်းဆောင်တို့နှင့် စကား
စမြည်းပြောနေကြသည် ။အဆင့်တန်းမြင့် မိသားစုမှ မိန်းမတစ်ဦးနဲ့
၉ နှစ် ၁၀ နှစ်အရွယ် သားတစ်ယောက်နဲ့အတူ
နောက်လိုက်တွေ ပါဝင်တဲ့ ခရီးသည်အုပ်စု
ကို ကုန်သည် အုပ်စုက ရည်ရည်မွန်မွန်
ဆက်ဆံကြပြီး မနက်စာပါအတူစားကြသည်။လူကြီးတွေစကားပြောနေတဲ့အချိန် ကောင်လေး
ကတော့ စိတ်မပါတာနဲ့ အပြင်ထွက်ပြီး ပတ်ဝန်း
ကျင်ကို စူးစမ်းလေ့လာ နေခဲ့သည်။အချိန်ပြည့် လေ့လာသင်ကြားမူတွေ ၊ စည်းမျဉ်း
စည်းကမ်းတွေနဲ့ နေလာရတာကြောင့် စိမ်းစိမ်း
စိုစိုတောအုပ်ကြီးက လွတ်လပ်မှုအပြည့်နဲ့
စိတ်အေးရသည် ။အပင်ကြီးတွေကြည့်နေရင်း အနီးဆုံးမှာ
ရှိနေတဲ့ မြင်းလှည်းတစ်စီးကနေ ကလေး
ငိုနေသံကြောင့် သူလှည့်ကြည့်မိသည် ။" ဟင့် .. မား "
လှည်းနောက်ပိုင်းက ကလေးအော်ငိုနေတာ
ဖြစ်ပြီး အနီးအနားမှာလည်း လူကြီးတစ်ယောက်
တစ်လေမှ မတွေ့ရတာကြောင့် ကလေးရှိရာ
လှည့်အနောက်ပိုင်းသို့ သူသွားကြည့်လိုက်သည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop