Zawgyi" အယ်... အစ်ကို့မျက်နှာက.. "
နှုတ်ခမ်းပေါက်ကွဲထားသည့် အပြင် မျက်နှာသည် အရိုက်ခံထားရမှန်း သိသာလှသည့် အချိုးရာ နီနီတို့ ရှိနေသည်မို့ မြင်လိုက်ရသည့် တစ်ခဏတွင်း ဝမ်ဂျွန် အံသြမူကို မထိန်းသိမ်းလိုက်နိုင်။
အရင်ထက် ပို၍ မျက်နှာတင်းနေသည့် ထိုက်ခွန်းသည် အချိုးရာတို့ကို ဖြေရှင်းချက် မပေးသော်ငြား ဝမ်ဂျွန် လာခေါ်သည်ကို တော့ ငြင်းဆိုလိုက်သည်။
" ဒီနေ့ ငါ မလိုက်နိုင်တော့ဘူး "
" အင်း သိပါပြီ။ ဒါဆိုလည်း အေးဆေးနားပါ"
( နောင်တော်လို့ သူံးရမလား အစ်ကိုလို့ပဲ သုံးရမလား သိပ်လမ်းပျောက်တာပဲ၊ ဘယ်နာမ်စားက ပိုကောင်းလဲ အကြံညာဏ်ပေးကြပါဦး (ಠ ∩ಠ) )
ဝမ်ဂျွန် ထသွားသည်နှင့် ထိုက်ခွန်း၏ အပါးတော်မြဲ တစ်ယောက်သည် အခန်းတွင်းသို့ သုတ်သီးသုတ်ပျာနဲ့ ပြေးဝင်လာသည်။ ဝမ်ဂျွန်ကို တွေ့တော့မှ ကိုယ်ရှိန် သတ်ကာဖြင့် အရိုသေပြု လာသည်။
ထိုအခိုက် ထိုက်ခွန်းမျက်နှာသည် ဖြူစုတ် ချင်သွား၏။ အလျင်စလို ဝင်လာသည့် သူ့ကို ဂရုတစိုက် မရှိ၍ ပြစ်တင်ချင်ပေမဲ့ ဘာမှ မဆို။
ဝမ်ဂျွန်သည် မသိလိုက် မသိဘာသာပဲ ထွက်သွားလေသည်။ သူ့အတွက် မြှားတွေပြင်နေသည့် ဂျောင်ဝန်းပုခူံးကို ဖက်ကာ ထိုက်ခွန်း မလိုက်နိုင်ကြောင်း ဆိုလေသည်။
ထိုက်ခွန်းသည် ထိုအခြွေအရံ၏ အမူအရာကို ကြည့်ပြီး မေးလိုက်သည်။
" ဘာအရေးကြီးနေလို့လဲ.. "
" အရှင့်သား.. ဟာဇဲ့ရွာက စာပါးလာလို့ပါ"
အခြွေအရံ ကမ်းပေးလာသည့် စာလိတ်ကို ထိုက်ခွန်း ခပ်မြန်မြန်ပဲ ယူလိုက်ရင်း ဖွင့် ဖတ်သည်။
" မင်း ဒီစာရလာတာကို မင်းကြီး မသိဘူးမလား"
" ဟုတ်ကဲ့ပါ.. ကျွန်တော်မျိုး ဟန်ယန်းမြို့အဝင်ကနေ စောင့်ယူခဲ့တာမို့လို့ ဘယ်သူမှ မသိလောက်ပါဘူး.. "
စာကို ဖတ်ပြီးသည့်အခါ ထိုက်ခွန်း ပို၍ စိတ်ရှုပ်သွားရသည်။

ESTÁS LEYENDO
Dragon's Blade [ Season-2 ]
Ficción históricaWarning .. Mperg Covered by @LenCo graphic Shop