" အွန်းလေး.."
အပြုံးအရယ်ရှိသည့် မျက်နှာလေးသည် နာကြင်မှုကို ကြိတ်မှိတ်သည်းခံလျက် သူ့ကိုကြည့်နေသည်၊၊ သူနာကျင်တာထက် ပိုနာကျင်ခံစားရတဲ့ကြောင်း ပြောပြချင်တယ်၊၊ ဘာကြောင့်များ ကိုယ့်အစားဝင်ခံ ပေးခဲ့ရတာလဲ၊၊
" ယောလ် ဘာမှမဖြစ်ရင် ရပြီ ...."
နှုတ်ခမ်းမှသွေးတို့ အန်ကျလာသည်တိုင် ထိုသူသည် မိမိအတွက် စတေးခံဝံကြောင်း သက်သေပြလာသလို၊၊
" ဒီတိုင်းထွက်သွားခွင့် ပေးမယ်ထင်နေလား အွန်းလေး... ယောလ်ခွင့်မပြုဘူး.. !"
ရွှေရောင်တောက်နေသည့် လိပ်ပြာဝိညာဉ်သည် ရုပ်ခန္ဒာနှင့် ကွဲထွက်နေချင်သည်၊၊ ထိုပုံရိပ်ကို မြင်ရတာ ရင်ထဲ ဓားပေါင်း များစွာက အညှာအတာမရှိ ထိုးစိုက်သလိုပင်၊၊ ဝမ်း်ဗိုက်မှ အဖြူရောင် သန္ဓေသားငယ်သည်ပင် စွန့်ခွာလေပြီ၊၊ ရှိမှန်းတောင် မသိရပဲ သူ့ကို ခွဲခွာနှုတ်ဆက်တော့မည့် သွေးသားငယ်ကို ဘာမှမတက်နိုင်ပဲ ကြည့်နေခဲ့ရသည်၊၊ သူ့ကမ္ဘာဟာ အွန်းလေးမရှိတာနဲ့ သေဆုံးနေပြီ ဖြစ်သော်လည်း ထပ်လောင်းအနေနှင့် သွေးသားငယ် လေးသည် သူ့အား အဆုံးမရှိသော နာကျင်မှုကို ပေးစွမ်းသွားလေပြီ၊၊
ချစ်သောသူ ဆုံးရှုံးရသော နာကျင်မှု၊ မိမိသွေးသားကို ပျက်စီးစေခဲ့သော နာကျင်မှုတို့က သူ့ကိုယ်သူ စီရင်ချင်ခဲ့သည်အထိ၊၊
" ငါ့ကြင်ယာတော်.. ငါ့သွေးသား ..""
ဝေဝါးနေသည့် မြင်ကွင်းများအဆုံး နိုးထလာနိုင်တဲ့အချိန် ပါးပြင်သည် သူနဲ့နှစ်များစွာ စိမ်းသက်နေသည့် မျက်ရည်များနှင့် စိုရွဲနေပေသည်၊၊ ရင်ဘက်သည်လည်း လေးပင်၍ နာကျင်မှုအပြည့်၊၊
မျက်ရည်များ ဖြစ်သလို သုတ်၍ နားနေရာ တဲဆောင်ကနေ ပြေးထွက်လာသည်၊၊ သားတော်၏ တဲဆောင်အတွင်းသို့ ရုတ်ချည်းဝင်ရောက် မိသည်၊၊
" အရှင်မင်းကြီး.."
သမားတော်ဂင်သည် ဆေးရွက်တို့ အလိတ်လိတ်နှင့် ကိုင်လျက် ထနှုတ်ဆက်သည်၊၊ တဲရဲ့ ထောင့်နားမှာ မီးဖို၌ ဆေးရွက်တို့ ကင်ပေးနေသည့် ဂင်ဂျုံဒဲကလည်း ထ၍ နှုတ်ဆက်လာသည်၊၊

STAI LEGGENDO
Dragon's Blade [ Season-2 ]
Narrativa StoricaWarning .. Mperg Covered by @LenCo graphic Shop