အိမ်ရှေ့စံ၏ လက်ထပ်ပွဲ ပြီးမြောက်ပြီး တစ်ပတ်ကျော်အကြာတွင်တော့ ဝမ်ယောလ်က အလိုလိုက်စွာဖြင့် ပူပူနွေးနွေး ဇနီးမောင်နှံနှစ်ဦးကို နယ်ဝေးသို့ ခရီးထွက်စေခဲ့သည်။
သူတို့နှစ်ဦးကို အလုပ်ခရီးဟု လွှတ်လိုက်သော်လည်းပဲ အဓိကတာဝန်မှာတော့ ပျားရည်ဆမ်း ခရီးထွက်ဖို့ရာ ဖြစ်သည်။
ဝမ်ယောလ်က သူ့၏ သားတော်ကြီးကို မြင်းလှည်းပေါ် မတက်မီ အမိအရ မှာကြားနေသေးသည်။
" ဂျွန်လေး .... ဒီခမည်းတော်က နောက်နှစ် ဆောင်းဦးပေါက်လောက်မှာ မြေးဦး မချီနိုင်ရင် သေချာပေါက် နောက်ထပ် မိဖုရား ပေးစားမှာ ..."ပြုံးရွှင်နေသည့် ဝမ်ဂျွန်မျက်နှာမှာ ချက်ချင်း အိုကျသွားရသည်။ မိန်းမလေး တစ်ယောက် ယူဖို့အရေး ဘယ်လောက်ပင်ပန်း ခဲ့ရတာကို ပြန်တောင် မတွေးချင်သေးဘူး။ အခုမှ တစ်ပတ်ပဲ ရှိသေးတာကို အခုလိုမျိုးကြီး ဖိအား ပေးမှ ဖြစ်မှာလားလို့ ပြန်လှန် မေးခွန်း ထုတ်ချင်မိသည်။
" ခမည်းတော် ..."
" ဘာညှိနှိုင်းတာမှ မလိုချင်ဘူး... မင်း သူ့ကို ယူဖို့ ဘယ်လောက် ကြိုးစားထားရလဲ... ကြိုးစားခြင်းရဲ့ ရလဒ် အသီးအပွင့် ဆိုတာလည်း ရှိရဦးမှာပေါ့ မဟုတ်လား ..."
ဝမ်ဂျွန်က သူ၏ ဖခမည်းတော်အား ရင်းနှီးစွာဖြင့် ပုခုံးကို အသာသိုင်းဖက်ရင်း ဆိုလာသည်။
" ခမည်းတော် အသိဆုံးပါပဲ။ သားသမီး ရတနာဆိုတာ ရဖို့ ခက်ခဲတယ်လေ ... ခမည်းတော်မှာတောင် မိဖုရားလေးဦးယူပြီး ခုနစ်နှစ်ကြာတဲ့ထိ သားဦးတစ်ယောက်တောင် မထွန်းကားခဲ့ဘူးလေ...."ဝမ်ယောလ် ခမျာ ခဏတာ တုံ့ဆိုင်းသွားပြီး ဘာမှ ပြန်မပြောနိုင်ရှာ။ သူသတိရလာလို့ ပြန်ပြောမည် ကြံကာမှ သူ့သားတော်ကြီးရဲ့ မြင်းလုံးက ထွက်သွားလေပြီ။
" ဒီ .. ဒီကောင်လေး... ငါ့များ လာပြီး အထင်သေးနေတယ်! မိဖုရားလေးဦးက လေဥဥ နေရတာလေ... ဘယ်နေရာမှာ သားသမီးက ထွက်လာရမှာလဲ! အဲ့ဒီ့အချိန် မင်းအဖေက မင်းကို ရပြီးနေပြီလေ!!!"
ဝမ်ယောလ် တစ်ယောက်တည်း ရှူးရှူးရှားရှား ဖြစ်နေချိန် ဘတ်ဟျွန်းလည်း ရောက်လာခဲ့သည်။ ဝမ်ယောလ် ပြောသမျှ ကြားသိပြီး ခေါင်းသာခါနေရသည်။
![](https://img.wattpad.com/cover/144161185-288-k394946.jpg)
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop