ဆူညံရှုပ်ထွေးသော မြို့တော်ဟန်ယန်း၏ စည်ကားမူက အခုမှ ရောက်ဖူးကြသည့် သားအဖနှစ်ယောက်အတွက် အရာအားလုံးက အံသြမှင်သက်စရာ အပြည့်၊၊
အရောင်အသွေးစုံလင်လှတဲ့ မြို့ဈေးတန်းကို ဝေါယာဉ်ပေါ်ကနေ ငေးကြည့်နေပြီး သားအဖနှစ်ယောက် ပြုံးနေကြသည်ကို တစ်ယောက်သောသူကဖြင့် မိန့်မိန့်ကြီး ထိုင်ကြည့်လို့နေသည်၊၊
တယ်လည်း လိုက်ဖက်လွန်းတဲ့ သားအဖတွေပင်၊၊
အမူအရာ အကျင့်စရိုက်လေးတွေက ချစ်ဖို့ကောင်းတာချင်း တူညီကြသည်၊၊ တိတ်တဆိတ် ထွက်ခွာရသည်မို့ အရပ်ဝတ်ကိုသာ ဝတ်ဆင်ထားသော်လည်း လူကုံထံ အသိုင်းအဝိုင်းကြီးက မှန်းတော့ သိသာနေသေးသည်၊၊ အဖေဖြစ်သူက အပြာနုရောင် ပိုးသားဝတ်ရုံလေးနှင့် ဆံပင်ရှည်ရှည်တို့ကို ပင့်စည်းထားသည်၊၊ တစ်ချက်ကြည့်ရုံဖြင့် မျိုးရိုးကြီးအိမ်မှ သခင်လေးလို၊၊ သားဖြစ်သူမှာတော့ အပြာရင့်ရောင် ဝတ်ရုံနှင့် တောက်တောက်ပပ ရှိနေသည်၊၊ သူတို့ရှေ့က မင်းကြီးမှာတော့ အနီရင့် အရပ်ဝတ် ဝတ်ရုံကို သားနာသည် မဟုတ်တောင် သန့်ပြန်စွာ ဝတ်ဆင်ထားသည်၊၊
" ခမည်းတော်မင်းကြီးပါ လိုက်ပို့ပေးမယ်် မထင်ထားဘူး"
ဝမ်ဂျွန်က မိဘအစုံအလင်နဲ့ ပျော်ပွဲစားထွက်ရတဲ့ ကလေးလိုပဲ၊ ပျော်မြူးနေတာကို မထိန်းနိုင်၊၊ ဈေးတန်းကို ကြည့်၍လည်း ကြည်နူးနေသလို ခမည်းတော် မင်းကြီး၏ မိမိတို့ သားမဖအပေါ် အလေးထား ဂရုစိုက်ပေးသည် ကြောင့်လည်း ဝမ်းသာကြည်နူးမှုက ပိုရပြန်သည်၊၊
ဝမ်ယောလ်၏ နှုတ်ခမ်းတို့က ပြုံးယောင်သန်းသွား၏၊၊
" ဒါက ဂျွန်လေးအတွက် ဆုချပေးတာပဲမလား! အမတ်မင်ရဲ့ စာမေးပွဲမှာ ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်လို့... အခုလို လိုက်ပို့ပေးဖို့ စီစဉ်လိုက်တာ၊၊ ဝမ်အွန်းလည်း သူ့အစ်ကို အိမ်ကို ရောက်ဖူးတယ် ရှိအောင်ပေါ့ "
ဝမ်အွန်းသည် သူ့ဘေးမှ အရည်ရွဲ မျက်လုံးဝိုင်းကြီးတွေနဲ့ သားဖြစ်သူကို ငဲ့စောင်းကြည့်လျက် ဆိုလာ၏၊၊
" ဒါက မင်းဆရာဆီမှာ ဖြေရတာပဲ ရှိသေးတယ်နော်၊၊ ဝင်ခွင့်စာမေးပွဲ ကျန်သေးတယ် "
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop