အချိန်အားဖြင့် ၅ လကျော် ရှိခဲ့ပြီ။
ရာသီဥတုသည် အေးမြသော ရာသီစက်ဝန်းသို့ ကူးပြောင်းနေချေပြီ။ ထိုအချိန်တွေ အတွင်း၌ တစ်ယောက်သော မင်းကြီးမှာ စိတ်အေးလက်အေး နေရသည့်ရက်ကို မရှိခဲ့ပါလေ။
လွန်ခဲ့သော နှစ်ရက်ခန့်က မပေါ့မပါးသော ကြင်ယာတော်တစ်ယောက် အနောက်ဥယျာဉ်၌ ပျောက်ဆုံးနေခဲ့သည်ဟူ၍ ဝမ်ယောလ်မှာ ညီလာခံကျင်းပနေရာက တပ်မတစ်စုနှင့် အနောက်ဥယျာဉ်သို့ ရှာထွက်ရသည်။ နောက်ဆုံး၌ ဝမ်ယောလ်သည် မက်မွန်ပင် နိမ့်နိမ့်လေး၏ ကိုင်းခွတွေကြားမှ အေးအေးလူလူ ထိုင်၍ မက်မွန်သီး ထိုင်စားနေသော ကြင်ယာတော် ဝမ်အွန်းကို တွေ့ခဲ့ရပါသည်။
စိုးရိမ်ဒေါသနှင့် ဆူပူတော့ မျက်နှာငယ်ငယ်လေးနှင့် စကားမပြောလာတော့။ ဝမ်ယောလ်တစ်ယောက်တည်း စိတ်ပူရတာမဟုတ်၊ သမားတော်ဂင်မင်ဆော့သည်လည်း စိုးရိမ်ပူပန်နေရသည်။ ဂျွန်လေးတုန်းက ညီငယ်လေးက သိပ်ကို ငြိမ်နေခဲ့တာဟူ၍သာ ပြောရှာသည်။
ယခု ဝမ်အွန်းသည် စိတ်ထင်ရာ လုပ်တက်သည်။ စားချင်တာနှင့် ချက်ချင်း စားရမှ ကျေနပ်သည်။ ရေချိုးလျင်လည်း ရေထဲ ကြာကြာ စိမ်နေရမှ သဘောကျသည်။ ပန်းချိီဆွဲချင်လာလျင် ညနက်သည်၊ မနက်စောလွန်းသည် မရွေးပဲ လုပ်တက်သည်။
နန်းတွင်း တော်ဝင်မိသားစု စုံညီထမင်းစားပွဲသို့ ဝမ်အွန်းနှင့် သူ၏ နောက်လိုက် အခြွေအရံများ လျောက်လှမ်းလာ ကြသည်။ စိမ့်အေးသော လေတွေကြောင့် ဝမ်အွန်းမှာ သိုးမွှေး ဝတ်ရုံထူထူကြားထဲ မြုပ်နေပေသည်။ ကြင်ယာတော်အား စူးစမ်းချင်သော အမတ်တို့၊ အရာရှိပေါင်းစုံတို့က ကြင်ယာတော်၏ ဝမ်းဗိုက်သို့ ရှိ၊ မရှိ ခိုးကြောင်ခိုးဝှက် နှင့် ချောင်းကြည့်ရပေသည်။ ၇ လအတွင်းရှိပြီလို့ သတင်းကြားထားရပေမဲ့ တော်ဝင်မိသားစုနှင့် သမားတော်မင်ဆော့သာ သိနိုင်၊ မြင်နိုင် တာမို့ ကျန်သူတွေ သိခွင့်၊ မြင်ခွင့် မရှိပေ။
ဝမ်အွန်း၏ အပေါ်ဝတ်ရုံပွကြီးကြောင့် ခန္ဓာကိုယ်ကို မမြင်ရပေ၊ ရှင်းသန့်နေသည့် မျက်နှာသေးသေးသာ ပေါ်လွင်နေသည်။
![](https://img.wattpad.com/cover/144161185-288-k394946.jpg)
ESTÁS LEYENDO
Dragon's Blade [ Season-2 ]
Ficción históricaWarning .. Mperg Covered by @LenCo graphic Shop