DB-76

12.4K 1.9K 313
                                    


(ဒီနေရာလေးကို မှတ်ထားပေး။ ပိုပိုကဲကဲ လီလီလေးရဲ့ မင်္ဂလာဦးညကို ကျော်သွား လိုက်တယ်။ အချပ်ပိုမှာ ထပ်ထည့် ပေးမယ်)

နောက်တစ်နေ့ အရောက်မှာ ပူပူနွေးနွေး မင်္ဂလာ မောင်နှံ ဖြစ်သည့် ဂီ နှင့် ရှောင်လီမှာ မြင်းလှည်းပေါ် ကန်တင်ခံလိုက်ရလေသည်။ ဆဲဆဲဆိုဆိုနဲ့ ကန်တင်သူမှာ မင်းကြီး ဖြစ်သည်။ ပျားရည်ဆမ်း ခရီးဆိုကာ သွားချင်ရာသွား ဟူ၍ ခွင့်ပြုတာ ဖြစ်သည်။ ဤသည်ကို သစ္စာရှိ ကိုယ်ရံတော်ကြီးက မင်းကြီးအပါးမှ လွဲ၍ ဝေးရာ မသွားလိုကြောင်း ဆိုနေ၍ ကန်တင် ခံရခြင်း ဖြစ်သည်။

ရှောင်လီမှာလည်း မင်းကြီးအမိန့်ကို မငြင်းရဲ။ အထုတ်ကလေး ပိုက်၍ မြင်းလှည်းပေါ် တက်ရှာသည်။ ဆူးနှင့် ဒုတပ်မှုးမှာ ပျားရည်ဆမ်း ခရီးဆိုတာထက် မိဘ အိမ်မှာပဲ ခွင့်ရက်အထိ နားနေကြမည် ဖြစ်သည်။

ဝမ်ယောလ်က သူ့အလုပ်ကိစ္စ ပြီးသည်နှင့် ကြင်ယာတော် လက်ကို ဆွဲကာ လယ်ခင်း တွေဆီ လမ်းလျှောက် ထွက်ခဲ့သည်။ နယ်မြေဒေသက တောင်ကြားချိုင့်ဝှမ်း ဒေသ ဖြစ်တာကြောင့် တောင်ကြားမြေကွက်လပ် လေးတွေမှာ စိမ်းစိမ်းစိုစို လယ်ကွက်တွေကို တွေ့ရသည်။ တစ်ခါတစ်ရံ တောင်ကြား နံရံတွေမှာ ရေတံခွန်ငယ်လေးတွေကို တွေ့ရ တက်သေးသည်။

အတူယှဉ်တွဲကာ လမ်းလျှောက် သွားနေတဲ့ လူနှစ်ဦးနောက်မှာ စိမ်းစိမ်းစိုစို မြက်နုလေး တွေကို စားလိုက်၊ နားလိုက်နဲ့ အပန်းဖြေ နေတဲ့ တော်ဝင်မြင်းကြီးလည်း ရှိသေးသည်။ သူက တာဝန်အရ မင်းကြီးနဲ့ ကြင်ယာတော် နောက်ကို လိုက်လာရပေမဲ့ အရသာရှိလွန်းတဲ့ မြက်နုလေးတွေကိုလည်း လျစ်လျူ မပြုနိုင်ဘူး။ ဒီတော့ တော်ဝင်မြင်းကြီးဟာလည်း အရသာခံလိုက်၊ တော်ဝင်စုံတွဲကိုလည်း မျက်ခြေမပျက် ကြည့်လိုက်နဲ့ အလုပ်များနေရသည်။

တောင်ကမ်းပါးလမ်းကျဉ်းလေးဝယ် တောပန်းရောင်စုံတို့က အစီအရီ ပွင့်ဖူး နေကြသေးသည်။  ကမ်းပါးယံက စီးကျနေတဲ့ ရေတံခွန်ငယ်လေးတွေက ရေသောက်မြစ် အလိုငှာ စွမ်းဆောင်ပေးနေရှာသည်။

ဝမ်ယောလ်က သူ့ဘေးရှိ သဘာဝ အလှကို ငေးမောနေရှာသော ကြင်ယာတော်ကို ပြုံးရင်းသာ ကျေနပ်နေမိသည်။ အကြင်သူ ငေးမောနေလွန်း၍ ခလုတ်တိုက် လဲမည်ကို လည်း စိုးရသည်ကြောင့် သူ့မှာ လမ်း၏ အခြေအနေကိုလည်း သေချာ ကြည့်ရှုရသည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now