ဦးရဲ့ကမ္ဘာငယ် ၁

10.6K 401 25
                                    

ဦးရဲ့ကမ္ဘာငယ်


အခန်းတံခါးအားခပ်ဆတ်ဆတ်ခေါက်သံနှင့်အတူ

"သားငယ်ရေ...ထတော့

ကျောင်းသွားရမှာနော်..."

"မေမေနှိုးတာတောင်နောက်ကျနေသေးတယ်

မောင်လေးကအစောကြီးနိုးပြီးပြင်ဆင်ရှိုးထုတ်နေတာ"

"ဟုတ်ပ...အငယ်လေးကဇွဲကောင်းတယ်..."

မေမေနဲ့အစ်မနှစ်ယောက်ရဲ့ပြောသံတွေကို

ရှိုင်းထက်အောင်နားထောင်နေရင်းရယ်လိုက်မိသည်။

အငယ်ဆုံးဖြစ်၍အလိုလိုက်ကာအချစ်ပိုကြခြင်းသည်မထူးဆန်း။

"ချစ်မေမေနဲ့ချစ်မမတို့ကကျွန်တော့်အကြောင်း

ဘာတွေများသဘောတကျပြောနေကြတာတုန်း"

"ဒီကလေးကတော့လူကြီးဖြစ်နေပြီ

ချွဲချင်တုန်းပဲ..."

အကြီးဆုံးအစ်မဖြစ်သူစန္ဒာအေး၏စကားကို

ထောက်ခံသည့်ဟန်ဖြင့်အကုန်လုံး‌ခေါင်းငြိမ့်

ကြသည်။ရှိုင်းထက်အောင်ကလိမ္မာရေးခြားရှိသည့်

ဆေးကျောင်းသားလေးတစ်ယောက်။အလိုလိုက်ခံ၊

အချစ်ခံလူတန်းစားဆိုသော်ငြားမိဘတွေအပေါ်အခွင့်အရေးမယူ။

စာကြိုးစားသူတစ်ယောက်မို့စာတော်သည့်တိုင်မာနမကြီးတာကြောင့်

ဆရာ၊ဆရာမတွေအားလုံးကအရမ်းချစ်ကြသည်။ဆေးကျောင်းသူ

ကောင်မလေးကြားPopularအဖြစ်ဆုံးကောင်လေးပင်။

"အကုန်လုံးသည်းသည်းဝိုင်းလှုပ်နေတော့

ဒီကလေးကချွဲမှာပေါ့"

Companyသွားရန်ပြင်ဆင်ပြီးထွက်လာသည့်

ဦးစည်သူရှိုင်းကပါဝင်ပြောလာတော့

ရှိုင်းထက်အောင်မရယ်ပဲမနေနိုင်တော့။

နှစ်ယောက်မရှိနိုင်သည့်ဖေဖေကအငယ်းဆုံးဖြစ်သည့်

သူ့ကိုအချစ်ပိုမှန်းသူသိပြီးသား။မျက်နှာတည်တည်က

Companyကဝန်ထမ်းတွေအတွက်ကြောက်ဖို့ကောင်းပေမဲ့

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now