ဦးရဲ့ကမ္ဘာငယ်
"အဟမ်း....အဟမ်း...
အစ်မတို့ကို
ဟောဒီကနွယ်လေးက
အချစ်ရေးတရားဟောမယ်..."
နွယ်သက်ခိုင်၊မေဖူးလွှာနှင့် ဆိုင်ထဲကဝန်ထမ်းအစ်မအားလုံး စကားဝိုင်းဖွဲ့နေရင်းမှနွယ်သက်ခိုင်က ထပြောလာခြင်းဖြစ်သည်။ ထိုကောင်မလေးသည် မျက်နှာလေးနှင့်မလိုက်လောက်အောင်ကို ရွှတ်နောက်နောက်နှင့် စကားတတ်သောကောင်မလေးပင်။
"ဟုတ်ပါပြီ...
ပြောပါဦး..."
"ဒီလို...ဒီလို
အချစ်ဆိုတာပူလောင်တယ်တဲ့
တရားနဲ့ဖြေရမယ်တဲ့အစ်မတို့...
မှတ်သားထားကြ..."
ထိုကောင်မလေးမူးနေပြီဟူ၍သာ မေဖူးလွှာတွေးလိုက်မိသည်။ မသောက်ပဲမူးနေသော ကောင်မလေးအားကြည့်ကာ ရယ်နေရုံမှလွဲ၍။
"ဟုတ်လား...
အာ့ဆိုFujoshiကျတော့ရော
ချိန်လိုက်တိုင်းရှလို့
ချိန်ရှဖြစ်နေပြီ..."
"အဟမ်း...အဲ့တာကတော့
ဒီလိုရှိပါတယ်...
အစ်မတို့မှတ်သားနာယူကြပါကုန်
ကောင်လေးတစ်ယောက်ကို
စကြိုက်မယ်ဆိုရင်Typeကြိုခွဲပါ...
ပြီးရင်shipမဲ့သူကြိုရှာထားပါ
ကိုယ်shipနေတဲ့သူနဲ့ညားသွားတဲ့အခါကျ
အရင်လိုစောင်ပြန်ကိုက်လို့
BL, Fictionအစရှိတဲ့
စိတ်ကြည်နူးစရာလေးတွေ
ကြည့်လိုက်ဖတ်လိုက်ပါ...
စိတ်ကြည်နူးလိုက်ပါ...
ကဲ...ဘာအချစ်ရေးကိစ္စ
ဖြေရှင်းစရာကျန်သေးသတုန်းကွဲ့..."
"နွယ်အရူးလေး..."
သန္တာဟူသောဝန်ထမ်းအစ်မကြီးက နွယ်သက်ခိုင်၏နဖူးကို ခပ်ဖွဖွခေါက်ရင်း ပြောသည်။ အားလုံးကနွယ့်ရဲ့ပေါတောတော စကားလေးတွေကိုသာ နားထောင်ရင်းရယ်နေကြတာမို့ နွယ့်မျက်ဝန်းက မျက်ရည်စတွေကိုမမြင်ခဲ့ကြ။ မငိုမိအောင်အားတင်းထားသည့် ကောင်မလေးကဟန်ဆောင်တော့ကောင်းပါ၏။

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Ficção Adolescente15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|