ဦးရဲ့ကမ္ဘာငယ် ၃၉

1.5K 76 4
                                    

ဦးရဲ့ကမ္ဘာငယ်



"ကျွန်တော်မရှိလဲ

ပျော်ပျော်နေရမယ်နော်...ဦး"

ရင်ခွင်ထဲမှာလဲလျောင်းနေတဲ့ကောင်လေးထံမှအသံတိုးတိုးလေးကိုသူကြားနေရသည်။သူတို့နှစ်ယောက်လုံးသွေးအိုင်ထဲမှာရှိနေပေမဲ့သွေးတွေကတော့သူ့သွေးတွေမဟုတ်ပဲရင်ခွင်ထဲကကောင်လေးရဲ့သွေးတွေဖြစ်နေတယ်။

"မဟုတ်....မင်းငါ့ကိုထားသွားလို့မရဘူး"

"အများကြီးချစ်ခဲ့တယ်နော်...

ဆက်လဲချစ်သွားဦးမယ်...အခုတော့

ကျွန်တော်အရမ်းအိပ်ချင်နေပြီ"

"မဟုတ်ဘူး...

ရှိုင်းထက်အောင်!"

မျက်ရည်တွေစီးကျလျက်ပဲသူနိုးထလာခဲ့သည်။ခေါင်းတစ်ခုလုံးထုံကျင်ကိုက်ခဲနေခဲ့ပြီးချွေးစီးတွေပါထွက်နေသည်။

"ဟင်...ဦးဘာဖြစ်လို့လဲဟင်

ဘယ်နေရာကနာနေလို့လဲ"

"မင်း...မင်း...

ဘာမှမဖြစ်ဘူးမလား..."

"ကျွန်တော်ကဘာဖြစ်ရမှာ...

ဦးဘာဖြစ်နေတာလဲ"

"ဟင်း...တော်သေးတယ်

အိပ်မက်ဖြစ်နေလို့"

သက်ပြင်းချရင်းရှိုင်းထက်အောင်ရင်ခွင်ထဲမှီလှဲလိုက်မိသည်။ဦးရဲ့အထိတ်တလန့်ဖြစ်နေတဲ့ပုံစံကိုကြည့်ရင်းသူစိတ်ပူသွားမိသည်။

"အိပ်မက်ထဲမှာ

မင်းငါ့ကိုထားသွားတာ..."

ဦးကသူ့မေးဖျားကိုမော့နမ်းလာရင်းတိုးတိုးလေးပြောသည်။ဦးရဲ့ခါးကိုတင်းနေအောင်ဖက်ထားလိုက်ရင်းပါးကိုပါတစ်ဆက်တည်းနမ်းရှိုက်ပစ်သည်။

"ဘာလို့ထားသွားရမှာလဲ...

သေသွားရင်တောင်မထားခဲ့ဘူး"

"ကျစ်...အဲ့ဒီ 'သေ' ဆိုတဲ့

စကားကိုလုံးဝမပြောနဲ့

ကိုယ်မကြိုက်ဘူးကွာ"

ဘုန်းမြတ်သူကရှိုင်းထက်အောင်ကိုဆူနေကျပါပဲ။ဒီတစ်ခါဆူတာကတော့ဘုန်းမြတ်သူအမှန်တစ်ကယ်စိတ်ပူနေလို့ဆူတာပင်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now