ဦးရဲ့ကမ္ဘာငယ် ၂၀

2.6K 158 15
                                    

ဦးရဲ့ကမ္ဘာငယ် 



"ဖြေနိုင်လား..."

"ဟုတ်..."

ကျောင်းရှေ့တွင် စောင့်နေသောဦးထံမှ အမေးစကားကို ကြားလိုက်ရတာမို့ အတိုင်းမသိဝမ်းသာ သွားရသည်။ သူ့ကိုစောင့်ဆိုင်းပေးရန် အထူးတလည် မတောင်းဆိုခဲ့ပါသော်ငြား ဦးကိုယ်တိုင်က လာရောက်ကာ သူ့ကိုစောင့်နေသည်မို့ ပျော်ရွှင်မှုသည် မျက်နှာတွင် အတိုင်းသားပေါ်လွင်နေသည်။ ကြယ်စင်လင်းနှင့် နွယ်သက်ခိုင်ပင် ကြည့်မရချင်တော့။

"ရှိုင်းထက်အောင်တို့များ

ပိုလွန်းတာကော..."

"ဟုတ်ပ...

အချိုးတွေပြောင်း"

သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းထောပနာ ပြုသံကိုကြားတော့ ဦးကရယ်သည်။ သူလည်း အပျော်လွန်နေသော သူ့ကိုယ်သူ သတိထားမိသွားတာမို့ မျက်နှာပိုး အမြန်သတ်ကာ ရှက်ရှက်နှင့် ခေါင်းကုတ်မိသွားသည်။

"ဦးလာလို့

အရမ်းပျော်သွားတာ"

"ဦးကဒီလိုပဲ

လမ်းကြုံလို့လာလိုက်တာပါ

အထွေအထူးမဟုတ်ပါဘူး"

"ကျွန်တော့်ဆီကို

သက်သက်လာတာ

မဟုတ်ဘူးလား"

မျက်နှာငယ်သွားသော ကောင်လေးကိုကြည့်ရင်း ရယ်ချင်စိတ်ကိုမျိုချကာ မျက်နှာတည်တည်နှင့် ပြန်ပြောလိုက်သည်။

"ဦးကအလုပ်ကိစ္စနဲ့

လမ်းကြုံလို့ပါ

ပြီးတော့

ကြယ်စင်လေးနဲ့လဲ

မတွေ့တာကြာပြီလေ

အဲ့တာကြောင့်လာခဲ့တာ"

ဘုန်းမြတ်သူ သူ၏လေသံကိုထိန်းပြောရင်း မျက်စိရှေ့ကရှိုင်းထက်အောင်ကို အကဲခတ်နေမိသည်။ 

"အဟမ်း...

ဦးဦးကကျွန်တော်နဲ့

မတွေ့ရတာကြတော့

ကျွန်တော့်ကိုလွမ်းလို့လား"

ကြယ်စင်ဆိုသည့်ကောင်လေးမှာလဲ မီးလောင်ရာလေပင့်တတ်သော ကလေးဆိုးတစ်ယောက်ပင်။ သူတို့သုံးယောက်သား၏ မသိစိတ်တွင် တစ်ယောက်နှင့်တစ်ယောက် ခိုင်မြဲသောသံယောဇဉ်ကို ချည်နှောင်လို့ထားလေသည်။ တစ်ယောက်တည်းသီးသန့်ဖြစ်နေသယောင် ခံစားလာရသည်မို့ နွယ်သက်ခိုင် နာကျင်စွာပြုံးလိုက်မိသည်။ သူ့ဘဝသည်လည်း တစ်ချိန်ကထိုကဲ့သို့သော သံယောဇဉ်တွေ ပိုင်ဆိုင်ခဲ့ဖူးပါသည်။ သို့သော်လည်း ထိုအရာများအား သူကိုယ်တိုင်ပင် ဖျက်စီးပစ်ခဲ့မိပါသည်။ အတိတ်ဆီသို့ ပြန်လည်ရောက်သွားသော စိတ်အစဉ်ကိုပြန်လည် ဖမ်းယူရင်း ပြောင်စပ်စပ် မျက်နှာပေးကို ပြန်လည်ဖန်တီးယူလိုက်သည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now