ဦးရဲ့ကမ္ဘာငယ် ၆၄ (Final)

4.3K 119 10
                                    

ထည့်ထားတဲ့ပုံကဦးတို့နဲ့အလိုက်ဖက်ဆုံးပုံလေးပါလို့ 🥺။


▢▢▢▢

Unicode

ဦးရဲ့ကမ္ဘာငယ်

ကလေးလေးကနှစ်ယောက်တောင်တဲ့...



ဆိုဖာပေါ်မှာပုံ့ပုံ့လေးထိုင်နေတဲ့ဦးကဗိုက်ပူပူလေးနဲ့ရယ်။kiwiသီးတစ်ခြင်းကိုလဲပိုက်ထားလိုက်သေးသည်။အရင်ကခြိမ်းခြောက်ဖို့သုံးလေ့ရှိတဲ့ဓားမြှောင်ဟာအခုတော့သစ်သီးခွဲတဲ့ဓားပါတဲ့လေ။ဦးပုံလေးကိုကြည့်
ရင်းရှိုင်းထက်အောင်အသံထွက်ရယ်မိတော့သည်။

ကိုယ်ဝန်ကာလတစ်လျှောက်လုံးမှာဦးစားလေ့ရှိတာကအသီးအနှံတွေချည်း။အချဉ်တွေကိုလဲတောင့်တလေ့ရှိသည်။အစပ်ကိုလုံးလုံးမထိတော့တာကတော့ထူးဆန်းသည်ဟုပြောရမည်သာ။

"လာဦး..."

ဘာခိုင်းချင်လို့ရယ်မသိ...။အခုနောက်ပိုင်းဦးကတစ်ခုခုဆိုသူ့ကိုချည်းခိုင်းလေ့ရှိသည်သာ။

"အား...ဆံပင်ကိုမဆွဲနဲ့လေ"

"ငါ့ကိုလှောင်နေတာမလား...ဟမ်"

"မဟုတ်ဘူး...ချစ်ဖို့ကောင်းလို့..."

ဟုတ်ပါတယ်။ဦးဘုန်းမြတ်သူကရှိုင်းထက်အောင်ကိုအနားခေါ်ပြီးဆံပင်ဆွဲလိုက်တာပါ။ရှိုင်းထက်အောင်အတွက်မထူးဆန်းတော့ဘူး။သူ့ဦးကအချိန်ပြည့်စိတ်ဆတ်နေတာ။ထစ်ခနဲရှိသူ့ကိုနိုင်စားနေတာပဲ။

"ရှိုင်းထက်အောင်..."

kiwiသီးတွေကိုချပြီးတိုတိုးလေးခေါ်တော့ရှိုင်းထက်အောင်ပြာပြာသလဲပါပဲ။

"ငါ့ကိုမုန်းနေပြီလား..."

ဒါကကိုယ်ဝန်သည်တွေဖြစ်တတ်တဲ့ depression တစ်ခုပါပဲ။စိတ်ခံစားလွယ်တာ။ overthinking ဖြစ်တာမျိူး။

"ချစ့်လို့တောင်မဝတာကို..."

ကိုယ်ဝန်ငါးလဖြစ်တာမို့စူဖောင်းဖောင်းလေးဖြစ်နေတဲ့ဗိုက်လေးကိုရှိုင်းထက်အောင်အနမ်းတစ်ချက်ခြွေရင်းဦးဘုန်းမြတ်သူကိုရင်ခွင်ထဲသိမ်းကြုံးဖက်ထားလိုက်သည်။ 'အင့်' ဆိုပြီးအသံပိစိလေးထွက်လာပြန်တော့အချစ်တွေပိုရပြန်သည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now