ဦးရဲ့ကမ္ဘာငယ်
"ကျွန်တော်ညကအိပ်မက်တွေမက်နေတာ..."
"ဟင်..."
"အိမ်ကမေမေ့ကိုစိတ်ဆိုးပြီး
အိမ်ပေါ်ကဆင်းလာတယ်လို့
အိပ်မက်တွေမက်နေတာ"
ညကဖြစ်သည့်အကြောင်းအရားများအားလုံးကိုရှိုင်းထက်အောင်မှတ်မိသည်မို့ဦးကိုစချင်သည့်စိတ်က
ကြီးစိုးနေသည်။အထူးသဖြင့်ဦးရဲ့နီရဲနေသည့်ပါးပြင်နှစ်ဖက်ကြောင့်ပို၍ပင်အသည်းယားနေရသည်။
"ဪ..."
"ဟို...ဦးရဲ့ပခုံးက...
ဘာကိုက်သွားတာလဲ..."
"ခွေး...အဲ...ဟုတ်တယ်...
ခွေးကိုက်တာ..."
ဒီတစ်ခါနင်သွားရသည်ကရှိုင်းထက်အောင်ပင်။သူ့ဘဝကိုခွေးဘဝသို့ရောက်အောင်ပို့ရသည်အထိ
ဦးသည်အရှက်သည်းနေခဲ့သည်လားမပြောတတ်ပါချေ။
ဘုန်းမြတ်သူ ရှိုင်းထက်အောင်ကိုမျက်နှာချင်းမဆိုင်လိုပါ။ထိုကောင်လေး၏မျက်နှာချောချောကိုမြင်လေ
ညက ကိစ္စတွေကိုပဲပြန်မြင်ယောင်လာလေမို့ပင်။အကယ်၍ညက ကိစ္စတွေကိုရှိုင်းထက်အောင်မှတ်မိသွား
ပါလျှင်...။ဆက်မတွေးလိုတော့တာကြောင့်ခေါင်းခါရင်းအတွေးတွေကိုမောင်းထုတ်လိုက်ရပြန်သည်။
အရှေ့တည့်တည့်ကတွေဝေနေသည့်ဦးကြောင့်ရှိုင်းထက်အောင်အနည်းငယ်စိတ်မကောင်းဖြစ်မိပါသည်။
ဦးနှင့်သူနဲ့သာမန်ပတ်သတ်မှုလေးတစ်ခုသာရှိသည်လေ။
"ကျွန်တော်ညကအိမ်မပြန်ချင်လို့...
ဦးဆီကိုပဲလာတာ...စိတ်မဆိုးဘူးမလားဟင်"
မျက်နှာလေးငယ်စွာပြောလာသောရှိုင်းထက်အောင်ကြောင့်သူစိတ်ဆိုးသည်လား...ရှက်သည်လား...
ဒေါသထွက်သည်လား...ဆိုသည့်ခံစားချက်တွေကိုပင်ကောင်းကောင်းမသိတော့။
"မဆိုးပါဘူး...
အခုရောခေါင်းမူးနေသေးလား..."
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|