ဦးရဲ့ကမ္ဘာငယ် ၄၉ (U+Z)

1.6K 85 0
                                    

mediaမှာထည့်ထားတဲ့ပုံကဦးနဲ့အနီးစပ်ဆုံးတူတဲ့ပုံကိုရှာပြီးထည့်ထားတာပါ။နူးညံ့မဲ့ဟန်လေးရှိပြီးcoolဖြစ်နေတာပါ...အဟီး

မိုရီကန်နီ (ဦးဘုန်းမြတ်သူခရေဇီ)



Unicode

ဦးရဲ့ကမ္ဘာငယ်

မိဘမဲ့ဂေဟာသို့တစ်ခေါက်



"ဆွဲထား....ဆွဲထား"

"ငါတို့နိုင်မှရမှာနော်..."

"ရေး...နိုင်ပြီ"

မိဘမဲ့ဂေဟာလေးက ကလေးလေးတွေရဲ့အသံနဲ့ပြည့်နေတာကြောင့်ဝင်လိုက်တာနဲ့ကြည်နူးကောင်းနေပါ၏။၁၀နှစ်ကျော်ကျော်အရွယ်ကလေးဆယ်ယောက်လွန်ဆွဲပွဲကစားနေကြခြင်းဖြစ်သည်။မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာပြေးလွှားကစားနေကြသည့်ကလေးငယ်လေးတွေလဲရှိသည်။‌ဂေဟာဝန်းကကျယ်ကျယ်ပြန့်ပြန့်အရိပ်ရသစ်ပင်တွေလဲအများအပြား။စိမ်းစိုသာယာနေသည့်ဝန်းလေးဟာမြင်သူတိုင်းအတွက်အေးချမ်းစေသည်။

ပြေးလွှားနေသည့်ကလေးများကိုကြည့်ရင်းရှိုင်းထက်အောင်တွေးမိသည်။

အကယ်၍သူနှင့်ဦးမှာ‌ကလေးလေးတစ်ယောက်ရှိလာခဲ့ရင်ရော။ဦးနဲ့တူပြီးခန့်ညားနေမှာလား။ချစ်စရာကောင်းအောင်ရန်တွေ့တတ်မှာလား။မဲ့ပြုံးတွေပြုံးပြီးအေးစက်စက်စကားတွေပြောလာမှာလား။

"ရှိုင်းထက်အောင်...လာလေ"

ဒီဂေဟာကသူတို့လှူဖို့ရွေးချယ်ထားတဲ့ဂေဟာလေးပါ။'အေးရိပ်မြိုင်'ဆိုတဲ့ဂေဟာလေးကနာမည်လိုက်အောင်ကိုအေးချမ်းလှသည်။သို့ပေမဲ့ငွေကြေးအခက်အခဲဖြစ်နေမှုကြောင့်ကလေးတွေကိုဆက်လက်မခံနိုင်ဖြစ်နေခဲ့သည်။40,0000ဆိုတဲ့ပမာဏကမများပေမဲ့ခဏတာတော့အဆင်ပြေသွားမှာပါ။

"ဂုဏ်ပြုမှတ်တမ်းလွှာမှာ

ဘယ်လိုရေးပေးရမလဲသား..."

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now