ဦးရဲ့ကမ္ဘာငယ် ၄

4K 227 8
                                    

ဦးရဲ့ကမ္ဘာငယ်



နွေဦးရဲ့မနက်ခင်းဟာသိပ်ကိုလှပတယ်။

ကံ့ကော်တွေ၊စကားဝါတွေပွင့်လန်းနေတဲ့

ခြံဝန်းလေးဟာလဲပန်းရနံ့တို့ထုံဝေနေတယ်။

လသာဆောင်မှာမနက်ခင်းနေရောင်ခြည်

လေးကိုခံစားနေတဲ့လူသားလေးတစ်ဦးဟာ

ပို၍တောင်လှပလွန်းနေတယ်။

"ကံ့ကော်တွေခူးခဲ့လိုက်ဦး

သားရေ...

ဘုရားစင်တင်လို့ရအောင်..."

"ဟုတ်..."

ခြံဝင်းထဲကိုရောက်လာတော့ပိုမိုပြင်းထန်သည့်

ကံ့ကော်ပန်း၏ရနံ့ကခေါင်းမူးစေသည်။

အမေအကြိုက်ဆုံးပန်းက ကံ့ကော်ပန်းဖြစ်တာ

ကြောင့်ခြံထဲမှာသေချာစိုက်ပျိုးထားသည်မို့

အချိန်မှန်ပွင့်ဖူးကြသည်။စကားဝါပန်းလေးတွေ

ကလဲတစ်မျိုးလှသည်။ပိတောက်ပင်ကတော့

မိုးကိုမျှော်နေသည်ထင်။

ဒီနှစ်နွေရာသီတော့မိုးရွာစေချင်သည်။မိုးမရွာသည့်

နှစ်တွေတိုင်းညှိုးနွမ်းနေတတ်သည့်ပိတောက်ပင်ကို

မြင်ရတာရင်နာဖွယ်။

ပန်းခြံထဲရောက်တိုင်းတစ်စုံတစ်ခုရဲ့စွဲဆောင်ခြင်းခံရ

သလိုအတွေးထဲကရုန်းမထွက်နိုင်။ပန်းပွင့်တွေခူးရင်း

ဘုန်းမြတ်သူအတွေးနယ်ချဲ့နေမိသည်မှာအချိန်အတော်

ကြာသွားသည်။

"ဘုန်းမြတ်သူရေ...

ပန်းခူးခိုင်းတာအဲ့လောက်ကြာလား..."

"မေမေကလဲ...

အတွေးလွန်သွားလို့"

"ဘယ်ကောင်မလေးလဲ..."

"ဟာ...မေမေကလဲ...

ဘယ်ကောင်မလေးမှမရှိဘူးဆိုနေ..."

"အေးပါ...အေးပါ...

ပြီးတာပဲ..."

အလုပ်ပိတ်ရက်ဆိုပေမဲ့Companyရဲ့

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now