ဦးရဲ့ကမ္ဘာငယ် ၆၂ (U+Z)

2.1K 102 10
                                    

Unicode

ဦးရဲ့ကမ္ဘာငယ်

ကလေးလေးဖြစ်တည်လာဖို့ပထမခြေလှမ်း...



"အန္တရာယ်များရင်လုံးဝမလုပ်ရဘူး"

လင်းထက်လျှံထိုင်တဲ့ဆေးရုံကိုလာတဲ့တစ်လမ်းလုံးရှိုင်းထက်အောင်ဒီစကားကိုသတိရတိုင်းပြောလာတာ၉၉ခါရှိပြီ။ဘုန်းမြတ်သူလဲခေါင်းညိတ်ရလွန်းလို့ပုတ်သင်ညိုဖြစ်တော့မယ်။စကားနားမထောင်တတ်တဲ့အကျင့်အရရှိုင်းထက်အောင်တားလဲဘုန်းမြတ်သူကနောက်ဆုတ်မှာမဟုတ်ဘူးဆိုတာလည်းရှိုင်းထက်အောင်သိသည်။

"ကျွန်တော့်မှာဦးရှိရင်ရပြီ..."

"ငါကတော့မရဘူး"

ဦးဘုန်းမြတ်သူရှိုင်းထက်အောင်ကိုစိတ်ကောက်နေပါတယ်။စိတ်ကောက်တာနှစ်ရက်ရှိပြီ။စိတ်ကောက်ရတဲ့အကြောင်းအရင်းက ရှိုင်းထက်အောင်က ကလေးအကြောင်းစရင်မလိုချင်ဘူးဆိုပြီးအတင်းငြင်းနေလို့ရယ် မင်္ဂလာဦးညကပြောခဲ့တာကဒီအတိုင်းလေးပြောခဲ့တာဆိုပြီးပြောလို့ရယ် ပါ။

"ကျွန်တော်ကမလိုချင်လို့မဟုတ်ပါဘူး
ဦး...ဦးအတွက်အန္တရာယ်ရှိမှာစိုးရိမ်လို့ပါ
ကျွန်တော့်အတွက်ဦးရှိနေမှဖြစ်မှာ"

"ကလေးကိုမင်းကိုယ်ထဲ
အတင်းထည့်နေတာမှမဟုတ်ပဲ"

ဦးဘုန်းမြတ်သူစိတ်တိုလာတိုင်းစကားပြောအမြဲရဲတင်းလာလေ့ရှိသည်။ဦးရဲ့စကားကြောင့်ရှိုင်းထက်အောင်ရယ်လိုက်မိတော့သည်။

"ထည့်ချင်းထည့်ဦးကိုယ်ထဲကို
ကျွန်တော်ပဲထည့်မယ်လေ..."

"သွားစမ်းပါ..."

ရှိုင်းထက်အောင်က ဆက်ရယ်နေတော့ဘုန်းမြတ်သူထပ်မပြောချင်တော့။ကလေးလိုချင်တယ်လို့စပြောတဲ့သူကရှိုင်းထက်အောင်ဆိုပေမဲ့ဖိအားပေးခြင်းမရှိပါဘူး။ဘုန်းမြတ်သူကိုယ်တိုင်ကလဲလိုချင်နေတဲ့သူမို့လို့အသည်းအသန်လိုက်ကြိုးစားနေမိခြင်းပါ။

"အန္တရာယ်များတာတော့
ဟုတ်ပေမဲ့...အဟမ်း...
အောင်မြင်နိုင်ချေတော့ရှိပါတယ်"

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now