ဦးရဲ့ကမ္ဘာငယ် {Family ♡EXTRA 1♡}

2.5K 102 11
                                    

mediaကပုံကတော့အမြွှာလေးနှစ်ယောက်ပါ။

◇◇◇◇

ဦးရဲ့ကမ္ဘာငယ် (✿Family✿)



"ပါး..." "ပါး"

"ပြန်ခေါ်ကြည့်ပါဦး..."

"ပါးး!..." "ပါးး!..."

ကလေးနှစ်ယောက်လုံးကိုပေါင်ပေါ်တင်ထားရင်းတီတီတာတာလေးတွေကိုနားထောင်ရတာကို
ဘုန်းမြတ်သူသဘောကျနေသည်။ စကားပြောကာစမှာ အရင်ဆုံးစခေါ်တာကဘုန်းမြတ်သူကို 'ပါး'တဲ့။ သူလည်းတစ်ဖြေးဖြေးသမီးရူးဖြစ်လာပြီ။ နှစ်နှစ်ကျော်ကျော်အရွယ်လေးတွေကတစ်ကယ်ချစ်စရာဖက်ထုပ်လေးတွေ။ စကားပြောသင်ကာစလေးတွေမို့ ပို၍တောင်ချစ်ဖို့ကောင်းသေးသည်။

"မုန့်..."

သွန်းမြတ်သူဇော်ကအစားနည်းနည်းပိုမက်တယ်။ 'ပါး'လို့ခေါ်ပြီးတိုင်းမုန့်တောင်းတာကအဲ့ကလေးရဲ့အကျင့်တစ်ခုပဲ။ ပြီးရင်တအားကဲတာ။ မှူးမြတ်သူပြည့်ကတော့တည်တည်ငြိမ်ငြိမ်ရှိတယ် ဒါပေမယ့် 10စက္ကန့်သာကွာတဲ့ သူ့အစ်မသွန်းမြတ်သူဇော်နဲ့ပေါင်းလိုက်ရင်တော့အတူတူနီးပါးပါပဲ။နှစ်ယောက်ပေါင်းပြီးတအားမွှေတယ်။

"ပါးးး မုန့်!"

သူလိုချင်တဲ့မုန့်ကိုမပေးတော့အကျယ်ကြီးထအော်လာသည်။ဘုန်းမြတ်သူမှာရယ်ရပြန်၏။

"ပါပါးနဲ့ ဖေဖေ မှာဘယ်သူ့ကိုပိုချစ်လဲ"

"ပါး " "ပါးး!..."

ဒီအဖြေကတော့အတော်လေးကျေနပ်သွားစေသည်။ ကလေးတွေက ဘုန်းမြတ်သူနဲ့နေချိန်များပြီး
ရှိုင်းထက်အောင်နှင့်သိပ်မတွေ့ရတတ်။ ဆရာဝန်ပေါက်စတစ်ယောက်မို့အလုပ်တွေလဲများလှသည်။ ပိတ်ရက်လဲသိပ်မရှိလှ။ တစ်ခါတစ်လေ ကလေးယူတာစောသွားလို့တောင်တွေးမိသည်အထိ။ ဒါပေမယ့် သူ့အသက်အရွယ်အရဆို ကလေးယူတာတောင်နောက်ကျနေသလို။ ၁၅နှစ်ဆိုသောအသက်ကွာဟမှုကြောင့်သူ့ကိုစိတ်ကုန်သွားမှာလဲစိုးရိမ်ရသေး၏။

"ပါး...ဖုန်း!"

ကုမ္ပဏီကဖုန်းလာခြင်း။ကလေးနှစ်ယောက်ရှိလာပြီးကတည်းကဘုန်းမြတ်သူက အိမ်မှာပဲအလုပ်လုပ်တာများသည်။သီရိမေကစာရင်းတွေ၊ လက်မှတ်ထိုးရမည့်စာရွက်တွေကိုလာပို့သည်။ ကလေးတွေကိုပိုအချိန်ပေးချင်တာကြောင့်ဖြစ်သည်။ 

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now