ဦးရဲ့ကမ္ဘာငယ် ၂၈

1.9K 101 4
                                    

ဦးရဲ့ကမ္ဘာငယ်



တစ်ကယ်တမ်းဖြစ်ကြတဲ့ပြဿနာဟာကြီးကြီးမားမာမဟုတ်ခဲ့ပါ။

နားလည်မှုလွဲခဲ့ကြခြင်းသာ။

ခဏတာတော့နှစ်ယောက်သားကတောက်ကဆဖြစ်သွားခဲ့ကြပေမဲ့

ဒီကိစ္စဟာချစ်သူရည်းစားတိုင်းကြုံ့တွေ့ရတဲ့

ပြဿနာသေးသေးမွှားမွှားလေး‌သာ။

သူတို့နှစ်ယောက်ကြားကိုဝင်ရှုပ်နိုင်သည့်ပြဿနာမဟုတ်။

"ကျွန်တော်တောင်းပန်ပါတယ်...

သဘောထားသေးသိမ်သလိုဖြစ်သွားတယ်..."

"ဦးလဲအထင်လွဲစရာဖြစ်အောင်ပြောမိသွားတယ်"

'တောင်းပန်ပါတယ်'ဆိုတာကိုတော့စိတ်ထဲကသာပြောလိုက်မိပါသည်။

လူတစ်ယောက်ကိုတောင်းပန်တာကသူလုပ်နေကျအလုပ်မဟုတ်ဘူး။

သိပ်ချစ်ရပါတယ်ဆိုတဲ့လူကိုလဲသူတောင်းပန်မှာမဟုတ်ဘူး။

ဘုန်းမြတ်သူနားလာကပ်ထိုင်တဲ့ရှိုင်းထက်အောင်ကမျက်နှာငယ်နှင့်။

ခုဏကရန်ထောင်နေခဲ့တာသူမဟုတ်သည့်အတိုင်း။

"ကျွန်တော်တို့ခွေးလေးကိုနာမည်မပေးရသေးဘူးနော်..."

"ကိုယ်ကတော့နာမည်မတွေးတတ်လို့...

ဒီအတိုင်းခွေးလေးလို့ပဲခေါ်ဖြစ်နေတာ"

"ကျွန်တော်လဲနာမည်မပေးတတ်တော့ဘူး...

အများကြီးနာမည်တွေလဲတွေးဖူးတယ်..."

"သင်္ကြန်ပြီးသွားရင်အိမ်ပြန်ပါတော့ကလေးရယ်

ဦးဆိုလိုချင်တာကိုသိတယ်မဟုတ်လား...

မိဘတွေနဲ့ နည်းနည်းသင့်သင့်မြတ်မြတ်နေပါ

အရင်ကလိမ္မာနေတဲ့ကလေးက

ဦးကြောင့်ဆိုးနေတယ်ဆိုပြီးအဖြစ်မခံချင်လို့ပါ

နော်...နားလည်တယ်မဟုတ်လား"

ရှိုင်းထက်အောင်ခေါင်းကိုပွတ်သပ်ပေးနေလိုက်ရင်း

လေသံအေးအေးနဲ့စကားပြောမိသည်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now