ဦးရဲ့ကမ္ဘာငယ်
Bodyguardရွေးချယ်ခြင်း
"Bossခေါ်ထားတဲ့
bodyguardအတွက်
အင်တာဗျူးလာဖြေတဲ့သူတွေရောက်နေပြီ
သီရိအခန်းထဲမှာပဲစောင့်ခန်းထားပဲတယ်...
တစ်ယောက်ချင်းစီလွှတ်လိုက်ပါ့မယ်
စုစုပေါင်း၅ယောက်ရှိပါတယ်..."
"အင်း..."
သီရိမေ Boss ဖြစ်သူကိုသတိထားမိသည်မှာကြာနေပြီ။
ဒီရက်ပိုင်း Boss ကအရင်နှင့်သိပ်မတူ။
ပိုပိုပြီးအေးစက်လာတယ်လို့တောင်ခံစားမိနေသည်။
ဘာကြောင့်မှန်းရေရေရာရာသူမ မပြောပြတတ်။
အရင်ကျောက်မျက်ရတနာပွဲတွေနှင့်ဒီတစ်ခါပွဲကမတူ။
သေချာပေါက်ကိုအန္တရာယ်များနေသည်သာ။
ဒီနှစ်ဈေးကွက်ရဲ့ဘုရင်နေရာလုပွဲဖြစ်သည်မို့။
"နာမည်က..."
"ထက်ပိုင်ပါ..."
ထက်ပိုင်ရဲ့မျက်နှာကချောမောလွန်းသည်မဟုတ်ပါသော်လည်းယောက်ျားတစ်ယောက်တွင်ရှိသင့်သောမျက်နှာအချိုးအစား၊ကိုယ်လုံးကိုယ်ထည်နှင့်ကြံ့ခိုင်သန်စွမ်းမှုတွေရှိသည်။ဘုန်းမြတ်သူနှင့်အရပ်အတူတူလို့ထင်ရပေမဲ့ထက်ပိုင်ကမဆိုသလောက်လေးပုနေသည်။တစ်ကယ့်ကိုမှမဆိုစလောက်လေးပါပဲသေချာစိုက်ကြည့်မှမြင်နိုင်တာမျိုး။၂၆နှစ်အရွယ်လူလတ်ပိုင်းတစ်ယောက်ရဲ့တက်ကြွလန်းဆန်းမှုတွေအထင်းသား။
ထက်ပိုင်၏စူးရှသောမျက်ဝန်းတစ်စုံသည်ဘုန်းမြတ်သူကိုတည့်တည့်စိုက်ကြည့်လျက်...။
"သေနတ်ပစ်တတ်လား..."
"ခင်ဗျာ?..."
ထက်ပိုင်သူ့ရှေ့ကဘုန်းမြတ်သူကိုတစ်ချက်ကြည့်လိုက်မိသည်။ချောလိုက်သည့်ဖြစ်ခြင်း။မျက်တောင်စိပ်စိပ်လေးတွေရယ်/နှာတံစင်းစင်းလေးရယ်/V shape မကျတကျမေးရိုးလေးရယ်...
"ကိုယ်ချောမှန်းကိုယ်သိတယ်လေ
ကိုယ့်ကိုကြည့်လို့ဝရင်

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|