ဦးရဲ့ကမ္ဘာငယ်
"ဘာလို့Casa Grandeဘက်က
ပူးပေါင်းမှုကိုလက်မခံသေးတာလဲ
Boss"
သက်လျာကနားမလည်သလိုမေးလာသည်။ သီရိမေကတော့ ဘာမှဝင်မပြော။သီရိမေပူပန်နေတာကိုဘုန်းမြတ်သူသိသည်။
ပူးပေါင်းမှုကိုအကြောင်းပြလို့ဘုန်းမြတ်သူနှင့်စန္ဒာအေး၏မင်္ဂလာအရေးကိစ္စကိုစီစဉ်ချင်ကြတာပင်။
အတော်လေးခေါင်းခြောက်စရာ။
"Constructionလုပ်ငန်းနဲ့ပူးပေါင်းဖို့ကမလွယ်ဘူး
သက်လျာ...မင်းက
စီးပွားရေးနယ်ပယ်မှာကျွမ်းကျင်တဲ့လူတစ်ယောက်ပါ
ဒါကိုသဘောပေါက်သင့်တယ်"
သက်လျာကစဉ်းစားနေဟန်တိတ်ဆိတ်သွားတယ်။
"ဘာကိုငြင်းချင်နေသေးတာလဲ"
အခန်းတံခါးစီကပြတ်သားတဲ့အသံကြောင့်သီရိမေအပါအဝင်ဘုန်းမြတ်သူရောသက်လျာပါဆတ်ခနဲမတ်သွားရသည်။
နှစ်ယောက်မရှိနိုင်တဲ့သူတို့ကြောက်ရတဲ့ဒေါ်ခိုင်ခိုင်မြတ်။
"အန်တီ..."
သက်လျာကအလိုက်အထိုက်ဦးညွတ်ရင်းနှုတ်ဆက်တယ်။
ဒေါ်ခိုင်ခိုင်မြတ်ကခေါင်းညိတ်ပြလိုက်တယ်။
အသိအမှတ်ပြုတယ်ဆိုတဲ့သဘော။
သီရိမေကဘာစကားမှမပြောပေမဲ့သူလည်းမတ်တပ်ရပ်ရင်းဦးညွတ်လိုက်ပါတယ်။
ဒါပေမယ့်အထင်သေးတဲ့အကြည့်တွေပဲရလိုက်လေရဲ့။
သူ့အတွက်မထူးဆန်းတော့သည်မို့အထူးအထွေစိတ်ထဲထည့်မနေတော့ပါဘူး။
ဘုန်းမြတ်သူကသာထိုင်ရာကမထခဲ့။
သက်လျာနှင့်သီရိမေတို့ကအလိုက်တသိထွက်သွားပေးသည်။
"အမေတစ်ယောက်လုံးကိုတောင်
မနှုတ်ဆက်ချင်တော့ဘူးလား"
"မဟုတ်ပါဘူး...ထိုင်ပါ...
ဘာတွေခြယ်လှယ်ချင်ပါသေးလဲ"
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Teen Fiction15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|