ဦးရဲ့ကမ္ဘာငယ် ၁၉

2.3K 136 11
                                    

ဦးရဲ့ကမ္ဘာငယ်


"ဟူး...စိတ်ညစ်ပါတယ်

ငါအဲ့တစ်ခုမှားပြီလားမသိဘူး

နောက်ရက်ကျရင်

လူနာကိုစမ်းသပ်ပြရဦးမှာ

ငါရူးပြီ...ငါဘာမှမသိတော့ဘူး"

ကျောင်းသားတို့၏ထုံးစံအတိုင်းပင်။

ကြယ်စင်လင်းသည်လည်းစာမေးပွဲဖြေပြီးသည်နှင့်အဖြေမှားသလားမှန်သလားပြန်စစ်ကာစိတ်ဓာတ်ကျစကားတို့ကိုဆိုလာလေသည်။ရှိုင်းထက်အောင်ကိုယ်တိုင်ပင်သူဖြေလာသောစာအားသူသိပ်သဘောမကျ။

ကျောင်း၏စာတော်သောကျောင်းသားနှစ်ယောက်၏စိတ်ပျက်လက်ပျက်ဖြစ်နေပုံအားကြည့်နွယ်သက်ခိုင်ပင်စိတ်ဓာတ်ကျချင်လာလေပြီ။

"နင်တို့ကအဲ့လိုဖြစ်နေရင်

ငါကပိုငိုချင်တယ်နော်

ထိုင်ငိုပစ်မှာ..."

"နင်ရောဖြေနိုင်လား"

ခေါင်းပေါ်မှ တရုတ်စကားပန်းဖြူဖြူလေးကို ဖြုတ်ယူနေသည့် နွယ်သက်ခိုင်အား လှည့်ကြည့်ရင်း ကြယ်စင်လင်း မေးလိုက်သည်။

"ဖြေနိုင်ပါဘူး

နင်တို့တောင်ညည်းနေတာ

ငါကဘာမှမဟုတ်ဘူး"

"ဟွန်း...အပိုတွေပါ

အဲ့လိုပြောတဲ့သူက

ကြောက်ရတယ်"

နွယ်သက်ခိုင် ပြုံးရုံလေးသာ ပြုံးပြလိုက်သည်။ အဖျားကြီးကာ သတိလစ်သွားရာမှ မနည်းပြန်နလန်ထူလာရသည်ကိုတော့ မပြောပြဖြစ်ပါ။

"ဟော...တစ်ကယ်ပါဆို

နင်တို့နဲ့ယှဉ်ရင်ငါကပမွှားလေး

နည်းနည်းဆိုမှနည်းနည်းလေးပဲ

နင်တို့လောက်စာကြိုးစားတဲ့သူက

နင်တို့ပဲရှိတာကို"

"တော်ပါ...တစ်ကယ်

ကြိုးစားတဲ့သူကငါပဲ

ရှိုင်းထက်အောင်က

သူ့ဦးဦးဘုန်းမြတ်သူနားပဲကပ်နေတာ"

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now