ဦးရဲ့ကမ္ဘာငယ် ၂၃

2.3K 128 18
                                    

ဦးရဲ့ကမ္ဘာငယ်


"ဦးကိုကျွန်တော်ချစ်တယ်"

"အင်း...ဦးသိတယ်"

"အဲ့ဒါဆိုဦးကရော...

ကျွန်တော့်ကိုချစ်လား"

"မသိဘူး..."

"ဟာဗျာ...ဦးရာ..."

"အင်းလေ...

ဦးမှမသိတာ...

ဦးသိတာက

မင်းက...

ဦးရဲ့ကမ္ဘာငယ်လေ"

"အင်...

ဘယ်လိုကြီး"

ရှိုင်းထက်အောင် အမှန်တကယ်နားမလည်ပါ။ 

"မင်းကသိပ်တုံးတာပဲ

မင်းက...

ဦးရဲ့ကမ္ဘာငယ်ပါ

ဘဝတစ်သက်တာလုံး

ကိုယ်ပိုင်ကမ္ဘာမရှိပဲ

ရှင်သန်လာခဲ့တဲ့

ဦးရဲ့ဘဝကြီးမှာ

အသက်35နှစ်‌ရောက်မှ

ပိုင်ဆိုင်လိုက်ရတဲ့

ဦးရဲ့ကမ္ဘာငယ်လို့"

ဦးရဲ့စကားကြောင့် ရှိုင်းထက်အောင်အမှန်တစ်ကယ်ပျော်သွားရပါသည်။ဦးကိုယ်လေးကိုရင်ခွင်ထဲဆွဲဖက်မိလိုက်သည်။ဦးထံမှအရယ်တစ်ဝက်နှင့်ပြောလာသောစကားလေးက...

"ဦးကိုအဖျားကူးရင်

မချစ်တော့ဘူးနော်"  တဲ့။

"ဟား....ဦးရယ်

ကျွန်တော်တကယ်

အရမ်းဝမ်းသာသွားလို့ပါ

ပြီးကျအရမ်းဖျားနေတာလဲ

မဟုတ်ဘူး

ကိုယ်ပူရုံလေးတင်ပါ..."

"ထင်ပါတယ်

မောင်နှမနှစ်ယောက်ပေါင်းပြီး

ပြဇာတ်ရိုက်နေမှန်း...

ဒီလိုမှန်းသိ...ခုဏကစကား

ပြန်ရုတ်သိမ်း...သိမ်း...အွတ်..."

ဘုန်းမြတ်သူစကားပင်မဆုံးလိုက်ရှိုင်းထက်အောင်ထံမှနှုတ်ပိတ်နမ်းရှိုက်ခြင်းကိုခံလိုက်ရသည်။ထိုကောင်လေး...‌ပြောတော့သာရည်းစားမထားဖူးတဲ့လူရိုးလေးတဲ့။အနမ်းတွေမှာတော့ကျွမ်းကျင်ပိုင်နိုင်လွန်းသည့်ကြောက်ဖို့ကောင်းသောကောင်လေးပင်။ကြာရှည်သောအနမ်းတစ်ခုသည်မြတ်နိုးမှုအပေါင်းတို့ရောနှောနေလျက်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now