ဦးရဲ့ကမ္ဘာငယ် ၃၀

1.9K 104 6
                                    

ဦးရဲ့ကမ္ဘာငယ်



"အယ်...ဦးကနိုးနေတာလား"

"အိပ်နေတာမြင်လို့လား..."

sofaပေါ်မှာခြေချိတ်ထိုင်းရင်းစာအုပ်ဖတ်နေသည့်ဦးကသူ့အမေးကို

အမေးနှင့်သာတုန့်ပြန်သည်။

သူတစ်ညလုံးသောင်းကျန်းမိခဲ့တာတောင်မှဦးကတကယ်

ဘယ်လိုမှမနေဘူးတဲ့လား။

နိုးနိုးချင်းပိတ်ဟောက်ခံလိုက်ရတာမို့အရှက်ပြေရယ်နေရုံသာ။

ဦးကတော့သူ့ကိုတကယ်မကျေမနပ်ဖြစ်နေသည်ပင်။

"ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင်

ကျွန်တော်ကဒီအတိုင်း...ဒီအတိုင်းစိတ်မထိန်းနိုင်လို့..."

ဦးရဲ့မျက်နှာမှာပေါ်လွင်နေတဲ့လေးနက်တည်ကြည်မှုတစ်ချို့ကြောင့် သူဦးကိုဆက်မစဖြစ်ပါဘူး။ချစ်ဖို့ကောင်းတဲ့အလှလေးတွေမှာလဲ သူ့အတိုင်းအဆနှင့်သူအဆိပ်ပြင်းတတ်သည့်သဘောတရားရှိသည်မို့။

အဆိပ်ပြင်းတတ်သည့်သဘောတရားတဲ့...

ဦးကိုစတွေ့ကတည်းကခက်ထန်ပြီးအဆိပ်ပြင်းမဲ့လူစားမျိုးမှန်းသူသိပါရဲ့။

ထူးဆန်းသည်ကတော့ဦးကသူ့အတွက်နူးနူးညံ့ညံ့လေးပါပဲ။

ခက်ထန်ခြင်းလဲမရှိ/အဆိပ်ပြင်းခြင်းလဲမရှိ...။

ဦးစိတ်တိုသည့်အချိန်တစ်ချို့ကိုမြင်ဖူးပါသော်လည်း ဦးဆီမှခံစားချက်တွေပေါက်ကွဲထွက်လာခြင်းမရှိခဲ့ပါချေ။

"ငေးလို့ဝပြီလား...

တစ်ညလုံးကြည့်ထားရတာတောင်ဆက်ကြည့်ချင်တုန်းလား"

'ကြည့်ရုံတင်ဘယ်ဟုတ်မလဲ' လို့သူပြောမိခါနီးဆဲဆဲစိတ်ကို မနည်းထိန်းလိုက်ရသည်။

ဦးကတစ်ကယ်မလွယ်ကြောလေးပါပဲ။

"မဟုတ်ပါဘူး...မဟုတ်ပါဘူး

ဒါပေမယ့် မနက်စာတော့ကျွေးမယ်လားဟင်"

တည်တင်းထားရသောမျက်နှာသည်ထိုကောင်လေးရဲ့စကား‌တစ်ခွန်းမှာတင်

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now