ဦးရဲ့ကမ္ဘာငယ် ၁၆

2.4K 143 11
                                    

ဦးရဲ့ကမ္ဘာငယ်



မျက်ဝန်းချင်းဆုံစည်းခဲ့ရာမှစတင်သောဇာတ်လမ်းတစ်ပုဒ်...။

ထိုကောင်လေးရဲ့အကြည့်တွေကိုခပ်မြန်မြန်ရှောင်လွှဲရင်းပြေးထွက်လာခဲ့မိသည်။ယုံနိုင်ကြရဲ့လား။သူ့ရဲ့စိတ်တွေကထိုကောင်လေးပြေးလိုက်လာဖို့ကိုမျှော်လင့်နေခဲ့မိတယ်ဆိုတာ။ထိုကောင်လေးကသူ့ကိုစိတ်မပျက်စေခဲ့ပါဘူး...။အသေအချာကိုပြေးလိုက်လာခဲ့တယ်။Car Parking‌ရောက်ချိန်မှထိုကောင်လေးကသူ့ကိုမှီလာတော့သည်။သို့တည်းမဟုတ်...တမင်ပင်လူပျက်သောနေရာထိပြေးစေချင်သည်လား...။

"ဦး...

ကျွန်တော့်ကိုစောင့်ပါဦး..."

ဦးကိုမှီလာပြီမို့ဦးရဲ့လက်ကိုဆွဲရင်းရင်ခွင်ထဲထည့်ဖက်ထားလိုက်မိသည်။မတိမ်းမယိမ်းရှိနေတဲ့အရပ်ဆိုသော်ငြားသူ့ရင်အုပ်ကျယ်ကျယ်တွင်ဦးကိုယ်လေးကသေးသေးလေး။ရင်ခွင်ထဲကဦးကသူ့ရဲ့ရင်အုပ်ကိုလက်သီးနဲ့ခပ်ကြမ်းကြမ်းထုလိုက်တာမို့အောင့်သွားရသည်။သူမေ့သွားခဲ့တယ်ဦးကလဲယောက်ျားလေးတစ်ယောက်ပဲ။

"ငါ့ကိုလွှတ်စမ်း

အရှက်မရှိ..."

"ဆက်ရုန်းရင်

ကျွန်တော်ဖက်နမ်းမှာ..."

"မင်း..."

ဦးရဲ့စကားသံသည်တစ်ဝက်တစ်ပျက်။နောက်မှဆက်ကာထွက်ပေါ်လာသောနွယ်သက်ခိုင်၏အသံ။

"အယ်...အယ်...

ဒီလိုအခြေအနေ...

အဲ...ပြန်ပြီ...

သာယာတဲ့အချိန်လေး

နှောင်ယှက်မိပါပြီ"

မြန်မြန်ဆန်ဆန်ပင်ပြန်လည်ပြေးထွက်သွားသောနွယ်သက်ခိုင်ကြောင့်သူရှက်လာရသည်လား...သို့တည်းမဟုတ်နေရာမရှောင်ဆွဲဖက်လိုက်သည့်ရှိုင်းထက်အောင်ရင်ပဲအခုန်မြန်လာသည်လား...Coffeeတစ်ခွက်ကြောင့်ရင်တုန်လာသည်လား...ဘုန်းမြတ်သူဘာကိုမှမတွေးနိုင်တော့ပါ။

ခဏလေးပါပဲ...ခဏလေးပဲဒီကလေးရဲ့ရင်ခွင်ကျယ်မှာမှီထားပါရစေ။အကြောင်းအရင်းတစ်စုံတစ်ရာမရှိပေမဲ့...တစ်ကယ်ကို...အချိန်ခဏလေးပါပဲ...။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now