ဦးရဲ့ကမ္ဘာငယ်
သင်္ကြန်အကျနေ့
ဘုန်းမြတ်သူ၏Companyမှဝန်းထမ်းများကပါ နွယ်သက်ခိုင်တို့၏မဏ္ဍပ်ငယ်လေးတွင်လုပ်အားပေးပါဝင်လာကြသည်။
ရေပက်လိုကပက်နိုင်သည်။
မုန့်လုံးရေပေါ်လုပ်ရာတွင်ပါဝင်လိုကပါဝင်နိုင်သည်။
ဝန်ထမ်းမမ များသည်အမှန်တစ်ကယ်ကိုလှလွန်းပါရဲ့။
တစ်ခါတစ်ရံမုန့်လုံးဖို့ပင်မေ့လောက်အောင်မျက်စိအစာကျွေးနေမိသည်။
နွယ်သက်ခိုင်၏အကျင့်သည်မိန်းမလှလေးများကိုမျက်လုံးကျွတ်ထွက်မတတ် ငေးမောတတ်ခြင်းဖြစ်သည်။
အကြောင်းအရင်း...ရေရေရာရာမရှိပါဘူး။
နွယ်သက်ခိုင်မျက်ဝန်းထဲခဏခဏဝင်ရောက်လာတတ်တာကသက်လျာဆိုတဲ့ ဘုန်းမြတ်သူရဲ့မန်နေဂျာမမ။
မာနကြီးဟန်ရှိတဲ့အစ်မတစ်ယောက်ကိုနွယ်သက်ခိုင်ချဉ်းကပ်ချင်မိသည်။
သူမကသာလိုက်ရောပြီးစကားပြောနေမိတာ...
သက်လျာကသူမကိုအလေးသိပ်မထားလိုအပ်သလောက်သာတုံ့ပြန်သည်။
သို့သော်နွယ်သက်ခိုင်တွင်လက်လျှေ့ာရိုးထုံးစံမရှိ။
"ဟင်း...နွယ်လေး...
အကြံတွေဆက်မထုတ်နေနဲ့တော့..."
မေဖူးလွှာကသက်ပြင်းချရင်းပြောတယ်။
သူချစ်တဲ့ကောင်မလေးကတစ်ခြားကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေတာကိုမြင်ရတာနာကျင်စရာတစ်ခုပဲ။
"မကျေနပ်ဖူးလား..."
နွယ်ဆိုတဲ့ကောင်မလေးရဲ့ဂျစ်ဂျစ်ကန်ကန်ပုံစံတွေက
မန္တလေးမှာကတည်းကအဆုံးသတ်ခဲ့ပြီလို့ထင်ခဲ့တာ...
အခုတော့သူ့အထင်ကမှားနေတာပဲ။
*အင်းလေ...သူ့မှာချစ်တတ်တဲ့နှလုံးသားမှမရှိတာ*
မေဖူးလွှာကအံကြိတ်ရင်းဘယ်သူမှမကြားအောင်တိုးတိုးလေး ရေရွတ်တယ်။

YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Novela Juvenil15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|