ဦးရဲ့ကမ္ဘာငယ်
"ဒီနှစ်မှာသားကတရားစခန်း
မလိုက်နိုင်ဘူးဆိုတော့
အကြောင်းအရင်းလေးပြောပါဦး"
သူသည်အသက်၃၅နှစ်အရွယ်ဖြစ်နေပါသော်လည်အမေ့ရဲ့အထက်စီးဆန်သောမေးခွန်းတွေကိုကြောက်နေဆဲပါပဲ။အကယ်၍အမေသိသွားခဲ့လျှင်...နှစ်ဖက်မိဘပြဿနာတက်ကြမည်သာဖြစ်ပေ၏။
"သားက
ဝန်ထမ်းတွေကိုလဲ
သင်္ကြန်လည်ဖို့လုပ်ပေးချင်တာ...
စန္ဒာအေးကလဲသားတို့နဲ့
လိုက်မယ်လို့ပြောတယ်
သူရယ်သူ့မောင်ရယ်..."
အမေ၏ပြုံးသွာသောမျက်နှာအားကြည့်ကာသက်ပြင်းကိုမသိမသာချလိုက်မိသည်။အမေသည်ကားသူနှင့်စန္ဒာအေးကိုသဘောတူနေပြီသာဖြစ်ပေသည်။
"ဪ...သမီးလေးကလဲ
လိုက်မယ်တဲ့လားကွယ်...
ဒါဆိုလဲမင်းတို့သဘောပါပဲ
သူ့မောင်ကဘာလို့လိုက်မှာတဲ့တုန်း"
ဒေါ်ခိုင်ခိုင်မြတ်အလိုမကျစွာမေးလိုက်မိသည်။ထိုကောင်လေးကအစ်မပေးရမှာအရမ်းကြောက်တဲ့ကောင်လေး။ဘုန်းမြတ်သူကိုလဲကြိတ်သဘောကျနေမှန်းသိသာနေတဲ့ကောင်လေး။အခုခေတ်လူငယ်များအားဒေါ်ခိုင်ခိုင်မြတ်မကြိုက်သည့်အချက်အများကြီးရှိ၏။LGBTဟူသောအချက်လဲပါဝင်သည်။မိန်းကလေးအချင်းချင်းချစ်ကြသည်။ကြိုက်ကြသည်။ယောက်ျားလေးအချင်းချစ်ကြသည်။ကြိုက်ကြသည်။မည်သို့သောအရာမှန်းမသိ။
"သူ့မောင်မို့လို့လိုက်တာလေ..."
မထုံတတ်သေးပုံနှင့်သာဘုန်းမြတ်သူပြန်ဖြေလိုက်မိသည်။သူ့စိတ်ထဲကြီးစိုးနေခဲ့သည့်အရာတစ်ခုသည်သင်္ကြန်ပြီးဆုံးခဲ့လျှင်သူနှင့်ရှိုင်းထက်အောင်ဝေးကွာကြမည်လား။အမြဲမြဲလိုလိုတွေးမိနေပါသည်။ဘာကြောင့်မှန်းမသိထိုကလေးသည်သူ့ခံစားချက်တွေကိုရောထွေးစေကာဆုံးဖြတ်ချက်ချရခက်ခဲစေသည်။
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
أدب المراهقين15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|