ဦးရဲ့ကမ္ဘာငယ် ၅၄ (U+Z)

1.5K 97 3
                                    

Unicode

ဦးရဲ့ကမ္ဘာငယ်

ခေတ္တခဏခွဲခွာကြရပြီ



ချစ်ရသူဟာသွေးအိုင်ထဲမှာတဲ့။ရှိုင်းထက်အောင်ထိုအိပ်မက်ကိုထပ်မက်ပြန်လေပြီ။ထိုအိပ်မက်ကဘာကိုနမိတ်ပြချင်နေတာလဲ။လူငယ်တစ်ယောက်မို့အိပ်မက်တွေကိုမယုံကြည်သည့်တိုင်အောင်ဦးနှင့်ပတ်သတ်သောထိုအိပ်မက်ကိုဘာမှမဖြစ်သလိုမကျော်သွားချင်ပါ။

"အိပ်မက်ဆိုးမက်လို့လား"

ဦးကပုလဲတင်ပို့ရေးအတွက်ဆိပ်ကမ်းကိုသွားရမည်ဖြစ်တာကြောင့်သပါရပါစွာဝတ်ဆင်နေသည်။သူတို့kenjutsuသင်တန်းမှာအိပ်ပျော်သွားခဲ့ပေမဲ့ဦးရဲ့condoကိုပြန်လာဖြစ်ကြသည်။ထိုနေ့ကညနေတစ်ခုလုံးဦးကသူ့ကိုတွယ်ကပ်နေခဲ့တာဖြစ်သည်။တစ်ခါတစ်ရံအနမ်းတွေအစပျိုးသူကဦးပင်ဖြစ်နေခဲ့သည်။အိပ်တဲ့အချိန်ထိတောင်မှသူ့ကိုဖက်တွယ်ထားဆဲ။

"ဦးကိုစိတ်မချသလိုဖြစ်နေတာ...
ဦးနဲ့ဝေးရတော့မယ်လို့ပဲခံစားနေရတာ"

"ကိုယ့်ကိုnecktieကူစည်းပေးချင်လား"

ရှိုင်းထက်အောင်ဝမ်းနည်းဟန်ပြတိုင်းဦးကချိုမြိန်မှုတွေအစားထိုးပေးသည်။ဦးကအနောက်တိုင်းဝတ်ဆုံနဲ့တစ်ကယ်ကိုလိုက်ဖက်ပါသည်။ဒီလိုကျပြန်တော့အရှိန်အဝါတွေနဲ့မို့လူတွေမမြင်အောင်တောင်ဖွက်ထားချင်မိသွားသည်။

"အဆင်ပြေမှာပါ
ဦးမှာLucky Charmလေးရှိတယ်"

"အင်း..."

⁜⁜⁜⁜⁜

ပုလဲပို့ပြီးအပြန်လမ်း

ဘုန်းမြတ်သူစိတ်တွေလေးလံနေသည်။မည်သည့်အရာကိုစိုးရိမ်လို့စိုးရိမ်နေမှန်းလဲမသိပါလေ။ပြီးတော့ထက်ပိုင်ကကားရဲ့ဘက်မှန်ကိုတစ်ချိန်လုံးကြည့်နေတာဟာဘာကြောင့်များပါလဲ။ဘုန်းမြတ်သူလက်မောင်းကိုထိသွားခဲ့သည်ကျည်ဆံဟာထက်ပိုင်ရဲ့သေနတ်ကထွက်တဲ့ကျည်ဆံပင်။ခိုင်းစေသူဟာသူ့ရဲ့ယောက္ခမလောင်းဖြစ်နေခဲ့သည်တဲ့။ရှိုင်းထက်အောင်အသိမပေးခြင်းဟာဝမ်းနည်းမှုတွေထပ်မပေးချင်တော့လို့။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now