ဦးရဲ့ကမ္ဘာငယ် ၆၃ (U+Z)

2.3K 100 8
                                    

Unicode

ဦးရဲ့ကမ္ဘာငယ်

ကလေးလေး...



"စိတ်မပူပါနဲ့
ကိုယ်ကဘယ်သူမလို့လဲ"

"ကျွန်တော်..."

ဦးဘုန်းမြတ်သူခွဲစိတ်ခန်းထဲမဝင်ခင်မှာကို ရှိုင်းထက်အောင်စိတ်တွေကမတည်မငြိမ်ဖြစ်နေတော့ဦးက စိတ်မချစွာသူ့ကိုနှစ်သိမ့်ရသည်။

ဦးကသူ့နဖူးကိုတစ်ချက်နမ်းလို့ညင်ညင်သာသာလေးပြုံးပြလာတယ်။ဦးမျက်ဝန်းတွေမှာပြတ်သားမှုတို့ခြွေရံတယ်။ကြောက်ရွံ့ချင်းအနည်းငယ်တောင်ရှိမနေခဲ့ပါဘူး။ဦးရဲ့သတ္တိနည်းနည်းလောက်ပဲဖြစ်ဖြစ်သူငှားသင့်နေပြီ။ဦးကသူသဘောတူလိုက်တဲ့အတွက်သိပ်ပျော်နေပုံပါပဲ။သူ့ရဲ့စိုးရိမ်မှုလယ်ဗယ်ကတော့အတိုင်းအတာတစ်ခုကိုကျော်လွန်နေပြီ။

ဘုန်းမြတ်သူခွဲစိတ်ခန်းထဲဝင်ဝင်ချင်းမှာပဲဒေါ်ခိုင်ခိုင်မြတ်ရောက်လာတဲ့အခါဆေးရုံတွင်းမှာရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်သည်။ခွဲစိတ်ခန်းထဲကဘုန်းမြတ်သူကသာမသိခဲ့တာပါလေ။

"မင်း...ဒါကိုလက်ခံရသလား"

ရှိုင်းထက်အောင်ရှေ့မှာလင်းမြတ်ကပိတ်ရပ်ထားရပြီးကောင်းခန့်ကဒေါ်ခိုင်ခိုင်မြတ်ကိုဆွဲထားရသည်။

"ကျွန်တော်လည်းလွယ်လွယ်ကူကူ
လက်ခံပေးခဲ့တာမဟုတ်ပါဘူး"

"မင်း...ဘုန်းမြတ်သူတစ်ခုခုဖြစ်သွားကြည့်..."

"ဦးကိုဘာမှအဖြစ်ခံမှာမဟုတ်လို့
ဒီနေရာမှာလာပြီးဆူဆူညံညံတွေမလုပ်ပါနဲ့လား
စိတ်ပူရင်တိတ်တိတ်လေးနေပြီး
ဦးခွဲစိတ်မှုအောင်မြင်ဖို့သာ
ဆုတောင်းပေးပါအန်တီရယ်"

အရင်တုန်းကရှိုင်းထက်အောင်ဆိုရင်ဒေါ်ခိုင်ခိုင်မြတ်ကိုဦးရဲ့အမေဆိုတဲ့နေရာကြောင့်အားနာပြီးပြန်ပြောမိမှာမဟုတ်ဘူး။ဒါပေမယ့်အခုချိန်မှာအားနာခြင်းဆိုသည့်အရာထက် ဦးဘုန်းမြတ်သူကသာအဓိကအရာရာဖြစ်နေပြီလေ။

ခွဲစိတ်မှုဟာအချိန်ကြာမြင့်လေတော့ ခွဲခန်းရှေ့မှာ ရပ်စောင့်နေခဲ့တဲ့ရှိုင်းထက်အောင်ရဲ့ခြေထောက်တွေပင်ညောင်းတောင့်နေခဲ့ပြီ။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now