ဦးရဲ့ကမ္ဘာငယ် ၅၃ (U+Z)

1.5K 99 7
                                    

Unicode

ဦးရဲ့ကမ္ဘာငယ်⚠



လင်းမြတ် မျက်လုံးဖွင့်ဖွင့်ချင်းပတ်ဝန်းကျင်ကိုစူးစမ်းမိသည်။ဒီနေရာကသူ့အိမ်မဟုတ်ဘူး။သူ့ကျောဘက်ကအထိအတွေ့နွေးနွေးကလူတစ်ယောက်ဆိုတာတော့သိပါ၏။စဉ်းစားလေထိုးကိုက်လာလေဖြစ်တဲ့ခေါင်းကြောင့်သူလှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အခါသူ့ကိုဖက်ထားတဲ့လူကိုနှိုးမိသွားသည်။

"နိုးပြီလား...အချစ်လေး"

"ခင်ဗျား!..."

"မနက်းခင်းကြီးမှာဒေါသမထွက်ရဘူးလေ
ပြီးတော့...ကိုယ်သာမင်းကိုခေါ်မလာရင်
barမှာဖြစ်ချင်တိုင်းဖြစ်နေမှာ..."

"ခင်ဗျားအပူပါလို့လား...
ကျွန်တော့်ဘာသာကျွန်တော်ဘာဖြစ်ဖြစ်"

"ကိုယ့်အပူကတော့မင်းနဲ့မဆိုင်ပေမဲ့
မင်းအပူကိုတော့ကိုယ်ကအေးအောင်လုပ်ပေးမှာလေ"

လင်းမြတ်ထိုလူကိုလက်သီးနဲ့ထထိုးချင်နေပြီဖြစ်သည်။ဘာလို့များသူ့ကိုအတင်းတွေလိုက်ရောနေရသလဲ။သူ့ဆီကဘာတွေများလိုချင်နေလို့လဲ။

"လွှတ်ဗျာ...
ကျွန်တော့်katanaကိုလဲပြန်ပေး
Bossကလက်ဆောင်ပေးထားတာ...ဘယ်မှာလဲ"

"အဲ့ဓားပြန်ရရင်ဘာလုပ်မှာလဲ..."

"ခင်ဗျားရင်ဝကိုဆောင့်ထိုးမလို့"

စစ်ယံတာရာရယ်နေရသည်။ဘယ်Bodyguardမှလင်းမြတ်လောက်စွာမည်မဟုတ်။လင်းမြတ်ကတော့စွာစိလန်လေး။စွာတဲ့ပုံစံလေးချစ်ဖို့ကောင်းနေတာကတော့ချွင်းချက်။

"ဒီမှာ...ကိုယ်ပြောမယ်
မင်းကိုယ့်ကိုရန်သူတစ်ယောက်လိုဆက်ဆံဖို့မလိုပါဘူးကွာ"

"ခင်ဗျားကိုကျွန်တော်မယုံဘူး...
အထူးသဖြင့်...
ကျွန်တော့်Bossရဲ့ပြိုင်ဘက်မို့လို့ပိုမယုံဘူး"

"ကိုယ်ဘယ်နှခါရှင်းပြရမှာလဲ...
ဦးဘုန်းမြတ်သူသေနတ်ထိတာ
ကိုယ့်ကြောင့်လဲမဟုတ်ဘူး...
ကိုယ်ခိုင်းတာလဲမဟုတ်ဘူး"

"ကျွန်တော့်ကိုလွှတ်ဗျ..."

"မလွှတ်ဘူး..."

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now