ဦးရဲ့ကမ္ဘာငယ် ၁၅(Zawgyi)

873 36 2
                                    

ဦးရဲ့ကမ္ဘာငယ်



"သီရိမေ...

ဘာလို့သိရဲ့သားနဲ့

ငါ့ကိုမပြောပြခဲ့တာလဲ"

"ပြောပြရင်...

သီရိကပြောပြလိုက်ရင်

Bossကသူပေးတာတွေကို

ယူတော့မှာမို့လို့လား"

"အားလုံးကငါ့ကိုဝိုင်းပြီး

လျို့ဝှက်ထားကြတယ်

ငါအယုံကြည်ဆုံး

အတွင်းရေးမှူးကတောင်

ငါ့ကိုလျို့ဝှက်ထားတာပဲ"

"မဟုတ်ဘူး...

သီရိကပြောပြချင်ပါတယ်

ဒါပေမဲ့...

သူကBossကိုတစ်ကယ်ချစ်တဲ့

ကလေးလေးပါ"

-အဲ့မှာကလေးလို့ပြောနေလိုက်ဟ...

ဟိုက ကလေးမဟုတ်လို့ငါ့ကိုအိမ်ပေါ်ထိတက်ပြီး

ဖက်နမ်းသွားတာဟေ့-

ဘုန်းမြတ်သူအတွေးထဲကအတိုင်းအော်လွှတ်လိုက်ချင်ပါသည်။ပြန်တွေးလေရှက်စိတ်နှင့်ဒေါသစိတ်တို့ရောထွေးလာလေပင်ဖြစ်သည်။သူ့စိတ်သူပင်အစိုးမရ။

အတန်ငယ်ဒေါသကြီးနေဟန်ရှိသည့်ဘုန်းမြတ်သူအားသီရိမေ စိုက်ကြည့်လိုက်မိသည်။အကိုက်ခံထားရသည်လောအပူကန်သည်လောမသဲကွဲသောဒဏ်ရာလေးသည်ဘုန်းမြတ်သူ၏နှုတ်ခမ်းထောင့်စွန်းတွင်တည်ရှိနေ၏။သီရိမေသဘောပေါက်သည့်အခါတွင်တော့ရယ်ချင်စိတ်တွေကိုအသည်းအသန်ပြန်ချုပ်တည်းလိုက်ရသည်။မဟုတ်ပါကဝါးလုံးကွဲရယ်ရင်းထအော်မိမည်သာဖြစ်သည်။

-အမလေး...သွက်လိုက်တာဟယ်

ရှိုင်းထက်အောင်ရယ်...

ငါဘာပြောရမယ်တောင်မသိတော့ဘူးဟ-

"ဘာတွေကိုတွေးပြီး

ပြုံးစိပြုံးစိလုပ်နေတာလဲ

သီရိမေ...မင်းက

ငါကအလျှော့ပေးတယ်ဆိုပြီး

ငါ့ကိုမလေးစားတော့တာလား"

"မဟုတ်ပါဘူး

Boss...

နောက်ဆိုပြောပြစရာရှိရင်

Bossကိုအရင်ဆုံးပြောပြပါ့မယ်

ဟို...ပြီးတော့ဒီနေ့သူကမုန့်လာမပို့ဖြစ်ဘူး

ကြယ်စင်ရယ်ကောင်မလေးတစ်ယောက်ရယ်နဲ့အတူ

အစောကြီးကျောင်းသွားကြတာ"

"ဘာလို့ငါ့လာပြောနေတာတုန်း"

"ဟို...ဟို...

အဲ...Bossသိချင်မယ်ထင်လို့

ဟို...ကောင်မလေးကလဲချစ်ဖို့ကောင်းတယ်

တော်ကြာရှိုင်းထက်အောင်ကို

ဖြတ်ခုတ်မှာဆိုးလို့...အဲ...အဲ"

မျက်နှာအနေအထားတင်းမာလာသောဘုန်းမြတ်သူကြောင့်စကားစကိုမနည်းဖြတ်ရလေသည်။

"မင်းလဲသူနဲ့တစ်ကျိတ်တည်း

တစ်ဉာဏ်တည်း...သွား

ကိုယ့်အလုပ်ကိုယ်ပြန်လုပ်

မခေါ်မချင်းငါ့ရုံးခန်းထဲဝင်မလာနဲ့..."

"ဟုတ်...ဟုတ်"

ဘုန်မြတ်သူ‌ရှေ့တွင်မနည်းမျက်နှာပိုးသတ်ခဲ့ရသောသီရိမေသည်အခန်းအပြင်ရောက်တာနဲ့ထရယ်မိလေတော့သည်။အလုပ်စားပွဲတွင်ပြန်ထိုင်သည့်အချိန်ထိအရယ်မရပ်သောသီရိမေပါလေ။တွေးလေရယ်ချင်လေပင်ဖြစ်နေသည်မို့သူလဲမတတ်နိုင်။

ဦးရဲ့ကမ္ဘာငယ် (Completed)Where stories live. Discover now