ဦးရဲ့ကမ္ဘာငယ်
"နောက်ကျတယ်...
ဘယ်ကိုသဝေထိုးနေလဲ..."
အိမ်ထဲဝင်ဝင်ချင်းအမေဖြစ်သူကစီးမေးတာမို့ရှိုင်းထက်အောင်ရယ်လိုက်သည်။ပြီးမှလက်ထဲကမုန့်ထုတ်ကိုမြှောက်ပြလိုက်သည်။
"မကြီးကမုန့်ဝင်ဝယ်ခိုင်းလို့ပါခင်ဗျ..."
ထိုကိစ္စဟာစန္ဒာအေးနှင့်ကြိုတင်တိုင်ပင်ပြီးသားကိစ္စပင်။မိသားစုထဲတွင်စန္ဒာအေးနှင့်ရှိုင်းထက်အောင်ကအရင်းနှီးဆုံးမောင်နှမတွေပင်။သွေးအမျိုးအစားကအစတူညီကြသည့်စန္ဒာအေးနှင့်ရှိုင်းထက်အောင်။
"ဟုတ်တယ်...မေမေ...
မုန့်စားချင်လာလို့မောင်လေးကိုမှာလိုက်တာ"
"နင်တို့မောင်နှမတွေကတစ်ကျိတ်တည်းတစ်ဉာဏ်တည်းတွေပါ
ငါမသိတာကျလို့...
အစ်မရောမောင်ရောခြေလှမ်းတွေပျက်နေကြတာများ
ရည်းစားသနာရှိနေပြီလို့တောင်ထင်ရတဲ့အထိ...ဟင်း
သွေးတက်တယ်..."
ဒေါ်သီတာငြိမ်းကိနားထင်ကိုလက်မနဲ့ဖိပြီးစကားဆိုတော့ရှိုင်းထက်အောင်ကပြာပြာသလဲအနားရောက်လာသည်။
"အဆင်ပြေရဲ့လား...မေမေ"
"သွားစမ်းပါ...အိမ်မကပ်ပဲ
ဒီအမေကိုပစ်ထားပြီးတော့များ"
"အဲ့လိုမဟုတ်ပါဘူးဆို...မေမေကလဲ"
စန္ဒာအေးရောရှိုင်းထက်အောင်ပါအနားကပ်ပြီးချွဲနေကြတော့ဒေါ်သီတာငြိမ်းမှာစိတ်ကြာကြာမတိုနိုင်တော့။ပျော့ရတော့သည်။
ဦးစည်သူရှိုင်းအလုပ်ကပြန်လာတော့အမေနားကပ်ချွဲနေသည့်မောင်နှမနှစ်ယောက်ကိုမြင်သည့်အခါမရယ်ပဲမနေနိုင်။လင်းလက်ထွန်းကတော့ပိုကိုပိုလွန်းတယ်ဆိုတဲ့ပုံနှင့်နှာခေါင်းရှုံ့ရင်းသူ့အခန်းသူဝင်သွားသည်။
*************
"အချစ်နာကျနေတာလားမေဖူးလွှာရယ်..."
သန္တာရဲ့အမေးကိုနားထောင်းရင်နာကျင်စွာပြုံးလိုက်မိသည်။မည်သည့်အဖြေစကားမှမကြားရတော့သန္တာသက်ပြင်းချလိုက်မိသည်။
YOU ARE READING
ဦးရဲ့ကမ္ဘာငယ် (Completed)
Novela Juvenil15နှစ်ကွာတဲ့ Relationship တစ်ခု။ အသက်35နှစ်လုပ်ငန်းရှင်ဦးနဲ့ အသက်20အရွယ်ဆေးကျောင်းသား ကောင်လေးတစ်ယောက်။ Start : 20 | 2 | 2021| End : 20 | 2 | 2022|